ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ရခိုင်ပြည်နယ်မှာ လူဦးရေ ၃ သန်းကို ကန့်သတ်ပိတ်ပင်မှု လုပ် 

 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ရခိုင်ပြည်နယ်မှာ လူဦးရေ ၃ သန်းကို ကန့်သတ်ပိတ်ပင်မှု လုပ် 

သြဂုတ် ၂၉

ဆယ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၀၀ ကျော်အထိ တွေ့ရှိခဲ့တဲ့နောက် ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့စလုံးအတွက် အသွားအလာ ကန့်သတ်ပိတ်ပင်မှုတစ်ခု အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ တွေ့ရှိခဲ့တဲ့နောက် လျင်လျင်မြန်မြန်ပဲ ပြည်နယ်ရဲ့ အခြားနေရာအများစုကို ကူးစက်ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ကူးစက်မှုတချို့ဟာ နိုင်ငံရဲ့ စီးပွားရေးအချက်အချာ ရန်ကုန် အပါအဝင် အခြားဒေသတွေကိုပါ ကူးစက်ထားခဲ့ပါတယ်။ 

“အခုကတော့ အလုပ်ကလည်း ပိတ်သွားပြီ၊ တချိန်တည်းမှာလည်းပဲ ဘယ်ရွာမှာ ဘာဖြစ်တယ် ဒါမှမဟုတ် ဘယ်မြို့မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလည်း ကျွန်မတို့ မသိရဘူး၊ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက ကျွန်မတို့ကို ထောက်ပံ့ပေးမလဲ ကျွန်မတို့ မသိဘူး၊ ဒီတော့ ဒီဗိုင်းရပ်စ်က နေရာအနှံ့ ပျံ့နှံ့သွားမှာကိုလည်း ကျွန်မတို့ စိုးရိမ်နေရတယ်၊ ကျွန်မတို့ စားဝတ်နေရေး ငတ်မွတ်ခေါင်းပါးမှာကိုလည်း စိုးရိမ်နေရတယ်” လို့ အသက် ၄၀ အရွယ် စစ်တွေ ဒေသခံ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မနွေးနွေးဟန်က ပြောပါတယ်။ 

“ရခိုင်မြောက်ပိုင်းမှာ အင်တာနက် မရတာ တော်တော် ကြာနေပြီ၊ သူတို့ဟာ အစိုးရက ဘာတွေကြေညာလဲ၊ ထုတ်ပြန်လဲ ဆိုတာကို သူတို့ ကြည့််ချင်၊ နားထောင်ချင်ကြပေမယ့် ကြည့်လို့မရနိုင်၊ နားထောင်လို့မရနိုင်ဖြစ်နေရတယ်၊ ဒါ့အပြင် အစိုးရကလည်း တစ်မြို့ဝင်တစ်မြို့ထွက်၊ တစ်စခန်းဝင် တစ်စခန်းထွက် ပညာမပေးနိုင်ဘူး၊ ဆိုတော့ တော်တော့်ကို စိုးရိမ်စရာ ကောင်းနေတယ်၊ ဥပမာ မြောက်ဦး ဒေသခံတွေဆိုရင် နို့တစ်ဘုတ်မှာ သတင်းအချက်အလက်တွေကို သွားကြည့်နေရတယ်” လို့ စစ်တွေဒေသခံတစ်ဦးဖြစ်တဲ့ ဦးသာစိန်က ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly