Tesla ကုမ္ပဏီ အစုရှယ်ယာစျေး စံချိန်တင် မြင့်တက် 

Tesla ကုမ္ပဏီ အစုရှယ်ယာစျေး စံချိန်တင် မြင့်တက် 

သြဂုတ် ၂၈ 

အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla Inc ၏ အစုရှယ်ယာစျေးသည် သြဂုတ် ၂၇ ရက်တွင် တစ်ရှိန်ထိုး ဆက်တက်ခဲ့ပြီး နောက်ထပ် စံချိန်တင်အနေအထားကို ရောက်ရှိခဲ့သည်။ 

ယင်းအတွက်ကြောင့် Tesla လျှပ်စစ်ကားကုမ္ပဏီကို ယင်း၏ အစဉ်အလာ မော်တော်ကားလုပ်ငန်း ပြိုင်ဘက်များနှင့်အကြား ကွာဟချက်ကို ပိုမို ကျယ်ပြန့်သွားစေခဲ့သည်။ 

Tesla ၏ ရှယ်ယာတန်ဖိုးသည် ယင်းနေ့ ရောင်းဝယ်မှုတွင် ဒေါ်လာ ၂,၂၉၀ အထိ တက်သွားခဲ့ပြီး ယင်းနောက် ဒေါ်လာ ၂,၂၄၀ တွင် အတက်အဆင်းမရှိ ရှိနေခဲ့ရာ ယင်းက လွန်ခဲ့သည့် ၂၀၁၀ တွင် ကုမ္ပဏီက ရှယ်ယာတစ်စုလျင် ၁၇ ဒေါ်လာဖြင့် အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီအဖြစ် ပြောင်းခဲ့ပြီးနောက် အမြင့်ဆုံးစျေးနှုန်း ဖြစ်သည်။ 

ထို့ပြင် Tesla ရှယ်ယာစျေးသည် ယခုနှစ်စနောက်ပိုင်း ၄၂၀ ရာခိုင်နှုန်းကျော် မြင့်တက်ထားခဲ့ပြီး ဖြစ်ရာ အချို့သော ရင်းနှီးမြုှပ်နှံသူများကို မီလျံနာများ ဖြစ်ထားစေခဲ့သည်။ 

အခြားသော ကားကုမ္ပဏီများအနေဖြင့် ဘထ္ထရီအားသုံး ကားများ ထုတ်လုပ်ရန် ယင်းတို့၏ internal combustion engine (အတွင်းပိုင်း မီးလောင်ပေါက်ကွဲမှုနှင့် လည်ပတ်သော အင်ဂျင်) လုပ်ငန်းကို အလုံးစုံပြုပြင်ရန် ဒေါ်လာဘီလီယံများစွာ မဖြစ်မနေ ရင်းနှီးမြုှပ်နှံနေရချိန် Tesla အနေဖြင့်ကမူ စီးပွားရေးအခွင့်အလမ်းကောင်းများ ရှိသည့် ကားကုမ္ပဏီတစ်ခုကနေ သန့်ရှင်းသော ကားထုတ်လုပ်မှုပိုင်းတွင် ကမ္ဘာ့ဦးဆောင်လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်မည်ဟု ရင်းနှီးမြုှပ်နှံသူများက ယုံကြည်မှု ရှိနေကြသည်။ 

Tesla သည် ဇူလိုင် ၁ ရက်က Toyota Motors Corp ကို ကျော်တက်ပြီး စျေးကွက်တန်ကြေးအရ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကားကုမ္ပဏီ ဖြစ်လာခဲ့သည်။ 

ယခုအခါ ယင်းကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သူကုမ္ပဏီ ၁၂ ခု ပါ အုပ်စု၏ စုစုပေါင်း စျေးကွက်တန်ဖိုး၏ ၄၁ ရာခိုင်နှုန်း စာရင်းပေါက်လျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly