တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရေရှည်စီးပွားရေးရှုထောင့်နှင့် လူမှုစီမံကိန်းရေးဆွဲခြင်းတို့တွင် လေးနက်မှု

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရေရှည်စီးပွားရေးရှုထောင့်နှင့် လူမှုစီမံကိန်းရေးဆွဲခြင်းတို့တွင် လေးနက်မှု

သြဂုတ် ၂၈ ရက်၊ ၂၀၂၀ ပြည့်နှစ်

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ် တရုတ်စစ်ဘက်ကော်မရှင် ဉက္ကဋ္ဌလည်း ဖြစ်သည့်  ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းရှိ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၂၄ ရက် ၂၀၂၀ခုနှစ်တွင် ကျင်းပခဲ့သည်။
 
တရုတ်သမ္မတ ရှီကျင့်ဖျင်က ရေရှည်အမြင်ကို လက်သင့်ခံတတ်ရန်၊ ခေတ်ကာလ၏ လမ်းကြောင်းကို သဘောပေါက်ပြီး အခြေအနေသစ်များကို လေ့လာပြီး အစီအစဉ်သစ်များပြုလုပ်ရန် ဉာဏ်ပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့လိုကြောင်း တနင်္လာနေ့တွင် အလေးနက်ထားပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC)၏ ဗဟိုအထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ဘက်ကော်မရှင်ဥက္ကဋ္ဌဖြစ်သည့် ရှီသည် ပေကျင်းရှိ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မှတ်ချက်ပြုခဲ့တာဖြစ်သည်။

အတော်အသင့်သာယာဝပြောသော လူမှုအသိုက်အဝန်းတစ်ခုလုံးကို အပြီးသတ်တည်ဆောက်ခြင်းနှင့် ပထမရာစုနှစ်ပန်းတိုင်ကို ရောက်ရှိခြင်းအားဖြင့် ၁၄ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်း (၂၀၂၁-၂၀၂၅) သည် တရုတ်နိုင်ငံ၏ ခေတ်သစ်ဆိုရှယ်လစ်တိုင်းပြည် တည်ဆောက်မှုသို့ ဦးတည်သော ပထမဦးဆုံး တရုတ်နိုင်ငံ၏  ငါးနှစ်တာ ခရီးစဉ်ကို မှတ်သားပြီး ဒုတိယတရုတ်ရာစုနှစ်ပန်းတိုင်သို့ ဦးတည်ချီတက်နေမည်ဖြစ်သည်ဟု ရှီက ပြောခဲ့သည်။
 တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အဆင့်သစ်သို့ ရောက်ရှိနေသည်ကို သူက ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဆိုင်ရာဗျူရို၏ အမြဲတမ်းကော်မတီဝင်နှင့် CPCဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် ဝမ်ဟွန်နင်နှင့် CPCဗဟိုကော်မတီ၏ နိုင်ငံရေးဆိုင်ရာဗျူရို၏ အမြဲတမ်းကော်မတီဝင် ဒုတိယဝန်ကြီးချုပ် ဟန်ကျန့်တို့သည့်လည်း တက်ရောက်ခဲ့သည်။
 
ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း ကြိုတင်မမြင်နိုင်သော အပြောင်းအလဲများဖြစ်ပွားနေပြီး  COVID-19 ကပ်ဘေးက အရှိန်ကိုပိုတွန်းနေစေသည်ဟု ရှီက ပြောသည်။

ပြည်တွင်းဈေးကွက်ကို အဓိကတည်ပြီး ပြည်တွင်းနှင့် နိုင်ငံခြားဈေးကွက်တို့အပြန်အလှန်ပံ့ပိုးမှုဖြစ်စေသော ဖွံ့ဖြိုးမှုပုံစံသစ် တည်ထောင်ရန် နိုင်ငံ စီးပွားလည်ပတ်မှုလုပ်ဆောင်ခြင်းကို သူက အလေးအနက်ပြောခဲ့သည်။

အရည်အသွေးပိုကောင်းပြီး ထိရောက်မှုပိုစေကာ မျှတသော၊ ရေရှည်တည်တံ့ကာ လုံခြုံမှုရှိသော ဖွံ့ဖြိုးမှုရရှိအောင်လုပ်ဆောင်ရာတွင် အခွင့်အလမ်းနှင့် စွန့်စားရမည့်အန္တရာယ်ကိုမြင်တတ်ရန်
ရှီက အားပေးခဲ့သည်။
 
ပိုမိုနီးကပ်သော ဆက်ဆံရေးဖြင့် ကမ္ဘာ့စီးပွားရေးတွင် တရုတ်ပြည်၏အဆင့်ကို ဆက်လက်မြှင့်တင်ပြီး အခြားနိုင်ငံများအတွက် ပိုမိုကျယ်ပြန့်သော ဈေးကွက်အခွင့်အလမ်းများပေးလိမ့်မည်ဟု ဆိုသည်။

ရှီသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် ကြီးထွားလာသော အရှိန်အဟုန်ကို ဖန်တီးရန်နှင့် ဆန်းသစ်တီထွင်မှုကို လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်းကို အားဖြည့်ပေးခြင်းနှင့် ကမ္ဘာ့အဆင့်မှီ အရည်အသွေးနှင့် သိပ္ပံပညာရပ်ဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို   အာရုံစူးစိုက်ရန် တွန်းအားပေးခဲ့သည်။

နက်ရှိုင်းသော ပြုပြင်ပြောင်းလဲခြင်း၊ ပိုမိုခိုင်မာတောင့်တင်းမှုကို ပြသခြင်းနှင့် နက်ရှိုင်းသော အဖွဲ့အစည်းဆိုင်ရာနှင့် ယန္တရားဆိုင်ရာ အတားအဆီးများကို ဖယ်ရှားခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုအသစ်၏ စွမ်းအားကို လှုံ့ဆော်ပေးသည်ကိုလည်း အလေးပေးပြောကြားခဲ့သည်။

 ရှီသည် အပြည်ပြည်ဆိုင်ရာ လမ်းသစ်ဖွင့်လှစ်မှုကို မြှင့်တင်ခြင်း၊ ပိုမိုပွင့်လင်းသော စီးပွားရေးအဆင့်မြင့်အဖွဲ့အစည်းများတည်ဆောက်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းပါဝင်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းတို့တွင် အကျိုးရလာဒ်များလုပ်ဆောင်နိုင်ခြင်းတို့အပေါ် အလေးပေးပြောခဲ့သည်။

ပူးပေါင်းပါဝင်မှုနင့် ဘုံအကျိုးစီးပွားချဉ်းကပ်များများဖြင့် လူမှုဖွံ့ဖြိုးတိုးတက်မှုတွင် အခြေခံသစ်ကို ဖြိုဖျက်ရန်နှင့် အရည်အချင်းပြည့်မှီသော အလုပ်ကိုင်သစ်များဖန်တီးပြီး အလုပ်သမားအပြည့်ခန့်ထားခြင်းကို အားထုတ်သင့်ကြောင့် ထပ်လောင်းပြောကြားခဲ့သည်။
လူမှုတရားမျှတရေးနှင့် တရားမျှတမှုကို ထိန်းသိမ်းရန် ပိုအားထုတ်သင့်ကြောင်း ရှီသည် မီးမောင်းထိုးပြခဲ့သည်။

သီအိုရီများနှင့် ပေါ်လစီများတွင် အဆင့်မြှင့်ပြီး ခိုင်မာမှုရှိရမည်ဟု ရှီမှ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly