သပိတ်မှောက် တောင်ကိုရီးယား ဆေးကျောင်းသားများ

28 August 2020
သပိတ်မှောက် တောင်ကိုရီးယား ဆေးကျောင်းသားများ

တောင်ကိုရီးယားနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အစိုးရက စီစဉ်နေတဲ့အပေါ် ဆရာဝန်တွေ၊ ဆေးကျောင်းသားတွေ ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။ ၂၀၂၂ ခုနှစ်ကနေ ၂၀၃၂ ခုနှစ်အတွင်း ဆရာဝန်သစ် ၄ ထောင်လောက်ကို ခန့်ပြီး အဲဒီထဲက ၄ ပုံ ၃ ပုံကို ကျေးလက်ဒေသတွေမှာ အနည်းဆုံး ၁၀ နှစ် တာဝန်ချမယ့် အစီအစဉ်အပေါ် အဓိက ဆန္ဒပြနေကြတာဖြစ်ပါတယ်။ တချို့ဆေးကျောင်းသားတွေဆို ဆမလိုင်စင်တောင် မယူဖို့အထိ စဉ်းစားနေကြတာပါ။ တောင်ကိုရီးယားမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု ပြန်မြင့်တက်နေချိန်မှာ ခုလို ဆရာဝန်တွ ဆေးကျောင်းသားတွေ သပိတ်မှောက်နေကြတဲ့ အခြေအနေအကြောင်း Reuters သတင်းကိုအခြေခံပြီး နန်းလောဝ်က တင်ပြထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly