ယူအေအီး ၏ Hope အာကာသယာဉ်သည် အင်္ဂါဂြိုလ်ကို ပထမဆုံးအကြိမ် ဓာတ်ပုံရိုက်ယူ

By space.com
27 August 2020
ယူအေအီး ၏ Hope အာကာသယာဉ်သည် အင်္ဂါဂြိုလ်ကို ပထမဆုံးအကြိမ် ဓာတ်ပုံရိုက်ယူ

ဩဂုတ် ၂၇ 

အာရပ်စော်ဘွားများပြည်ထောင်စုက ပထမဆုံးလွှတ်တင်ခဲ့သော အင်္ဂါဂြိုလ်သွားယာဉ်ဖြစ်သည့် Hope သည် သူ၏ လမ်းကြောင်းတွင် ကောင်းစွာတည်ရှိနေကြောင်းကို ဓာတ်ပုံရိုက်သက်သေပြနိုင်ပြီဖြစ်သည်။

Hope ကို ဂျပန်နိုင်ငံမှနေ၍ ဇူလိုင် ၁၉ ရက်နေ့တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ကာ အာရပ်နိုင်ငံတစ်ခုက ပထမဆုံး ကမ္ဘာပတ်လမ်းကြောင်းအပြင်ဘက် လွှတ်တင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယခုဆိုလျှင် အာကာသယာဉ်သည် သူ့လမ်းကြောင်း၏ ငါးပုံတစ်ပုံကိုရောက်ရှိနေခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။

" Hope ဟာ ကီလိုမီတာ သူ့ရဲ့ အင်္ဂါဂြိုလ်သွားလမ်းခရီးပေါ်မှာ အခုဆိုရင် သန်း ၁၀၀ (မိုင် သန်း ၆၀) ရောက်သွားပါပြီ" ဟု ယူအေအီး ဝန်ကြီးချုပ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်ခ်တိုရမ်က တနင်္လာနေ့က သူ၏တွစ်တာတွင်ရေးသားကာ ဓာတ်ပုံအထောက်အထားနှင့်တကွ တင်ပြခဲ့သည်။ Hope သည် ဂြိုလ်နီကြီးဆီကို ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်တွင် ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ထားသည်။

Hope သည် သူ၏လမ်းကြောင်းမှန်ပေါ်တွင် ရှိ ၊ မရှိ သိနိုင်ရန်လည်း လုပ်ဆောင်ထားရာ ယခုအချိန်အထိ သူ၏လမ်းကြောင်းပေါ်တွင်အတိအကျရှိနေကြောင်း သိရသည်။ ထို့အပြင် ယာဉ်ပေါ်တွင် ကင်မရာလည်းသယ်ဆောင်သွားပြီး အင်္ဂါဂြိုလ်ရောက်လျှင် စူးစမ်းလေ့လာရေး သိပ္ပံပညာလုပ်ငန်းများ စတင်လုပ်ဆောင်မှာဖြစ်သည်။

အင်္ဂါဂြိုလ်၏ ပတ်လမ်းကြောင်းကို လုံခြုံစိတ်ချစွာရောက်လျှင် ဂြိုလ်နီကြီး၏ ရာသီဥတုနှင့် လေထုကို အင်္ဂါဂြိုလ်၏ တစ်နှစ်တာလေ့လာမှာဖြစ်သည်။ အင်္ဂါဂြိုလ်၏ နှစ်တစ်နှစ်သည် ကျွနုပ်တို့ကမ္ဘာဂြိုလ်၏ နှစ်နှစ်နီးပါးကြာမြင့်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly