နိုင်ငံခြားဧည့်သည်များ ပြန်လည်လက်ခံရေးကို ထိုင်းဝန်ကြီးချုပ် အားပေး 

နိုင်ငံခြားဧည့်သည်များ ပြန်လည်လက်ခံရေးကို ထိုင်းဝန်ကြီးချုပ် အားပေး 

ဩဂုတ် ၂၇ 

 ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံခြားဧည့်သည်များ ပြန်လာရေးကို ဆွဲဆောင်နိုင်ရန် လိုအပ်ပြီး ရောဂါထိန်းချုပ်မှု စနစ်ထားရှိကာ ကြိုဆိုလက်ခံသွားရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 
 ထိုသို့ ပြည်ပဧည့်သည်များအား လက်ခံခြင်းဖြင့် နိုင်ငံပြည်သူများအနေဖြင့် ဝင်ငွေပြန်လည် ရရှိနိုင်မည်ဟု ဝန်ကြီးချုပ်က ပြောသည်။ 
 
နိုင်ငံခြားဧည့်သည်များ ပြန်လည်လက်ခံခြင်းကို ဆိုက်ရောက်မည့် အရေအတွက်အား ကန့်သတ်ကာ ပြည့်စုံကျယ်ပြန့်မှုရှိမည့် ရောဂါထိန်းချုပ်ရေး စနစ်များဖြင့် စမ်းသပ်စစ်ဆေးခြင်းများဖြင့် စတင်လက်ခံသွားမည်ဟု ၎င်းက ဆိုသည်။ 
 
ပြည်ပခရီးသွားဧည့်သည်များက ကိုရိုနာဗိုင်းရပ်စ် လှိုင်းသစ်အား ဆောင်ကြဉ်းလာလိမ့်မည်ဆိုသော စိုးရိမ်ပူပန်မှုများကို ၎င်းက ဖြေဖျောက်ပေးနိုင်ရေး ကြိုးပမ်းနေသည်။ အစိုးရအနေဖြင့် နိုင်ငံသို့ လာချင်ကြသော ခရီးသွားဧည့်သည်များကို ခွင့်ပြုပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။ 
 
“ဖော်ဆောင်ရမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။ ဧည့်သည်တွေအနေနဲ့ သူတို့ ဘယ်သွားမယ်ဆိုတာ အတည်ပြုချက် ယူရမှာ ဖြစ်ပြီး အခြားသူတွေနဲ့လည်း ခွဲခြားထားမှာ ဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ်က ပြောသည်။ 
 
ခရီးသွားဧည့်သည်များ ပြန်လာရေးသည် နိုင်ငံအတွက် မရှိမဖြစ်ပင် ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးလည်း ဖြစ်သော ပရာယွတ်က ဆိုသည်။ “ဘာမှ မလုပ်ဘူးဆိုရင် အရာရာဟာ ပို ဆိုးလာမယ်။ လုပ်ကိုင်ကိုင်ငန်းတွေ ပိတ်ရလိမ့်မယ်။ လူတိုင်း ဒုက္ခရောက်ရမှာပဲ၊။ အစိုးရအနေနဲ့ ဒါတွေအားလုံးကို ကူညီဖို့ ဘယ်လို တတ်နိုင်မှာလဲ။”ဟု ၎င်းက ပြောသည်။ 
 
ခရီးသွားဧည့်သည်များကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ၎င်းက အာမခံချက်‌ ပေးပြီး ပြည်သူများအနေဖြင့် နိုင်ငံခြားဧည့်သည်များကို ကြိုဆိုလိမ့်မည်ဟုလည်း ၎င်းက မျှော်လင့်မိသည်ဟု ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly