ရာဘစိတ်ကြွဆေးပြား ၁၃ သိန်းနဲ့အတူ လူ ၂ ဦးကို ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းမိ၊ ယခုနှစ်အတွင်း အများဆုံးဖမ်းဆီးရမှုဖြစ်

ရာဘစိတ်ကြွဆေးပြား ၁၃ သိန်းနဲ့အတူ လူ ၂ ဦးကို ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းမိ၊ ယခုနှစ်အတွင်း အများဆုံးဖမ်းဆီးရမှုဖြစ်

သြဂုတ် ၂၆ ရက်၊ ၂၀၂၀ ပြည့်နှစ်

ဘင်္ဂလားဒေ့ရှ်၏ အလျင်အမြန်လှုပ်ရှားတပ်ရင်းတစ်ခုက လူနှစ်ဦးကို ဖမ်းဆီးလိုက်ပြီး ရာဘစိတ်ကြွဆေးပြား ၁၃ သိန်းကို သိမ်းဆည်းလိုက်သဖြင့် ယခုနှစ်အတွင်း အလားတူ သင်္ဘောတင်မူးယစ်ဆေးဝါးများတွင် ပမာဏ အများဆုံးသော  ဖမ်းဆီးရရှိမှုဖြစ်လာခဲ့သည်။

ဒါကာတိုင်းမ်သတင်းစာအဆိုအရ အလျင်အမြန်လှုပ်ရှားတပ်ရင်း RAB-15 က ကောက်ဘဇား ဆဒါ အုပ်ချုပ်မှုနယ်မြေ၏ ခုရူရှက်ကူလ် မက်ဂျ်ဂျိုင်ဂရပ်နယ်မြေသို့ တနင်္ဂနွေနေ့က ဝင်ရောက်လာသော လူနှစ်ဦးကို ထိန်းသိမ်း လိုက်ခြင်းဖြစ်သည်။ ၎င်းတို့နှင့်အတူ ငါးဖမ်းစက်လှေတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်။

မက်တာဖီတမင်းနှင့် ကဖင်းရောစပ်ထားသော ရာဘဆေးပြားများကို အနီရောင် သို့မဟုတ် ပန်းရောင် ဆေးပြားများအဖြစ် ဈေးပေါပေါနှင့်ရောင်းချလေ့ရှိကြသည်။

ဖဖ်းဆီးထားသူနှစ်ဦးမှာ Md Billal အသက် (၄၅) နှစ်၊ Md Ayaz အသက် (၃၄) နှစ်တို့ဖြစ်ကြပြီး တစ်ဦးက ဘလူခါလီရိုဟင်ဂျာစခန်းထဲနေသူဖြစ်သည်ဟု ဒါကာတိုင်းမ်က ရေးသားထားသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သော RAB ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး Tofail Mostafa Sarwar ကို သတင်းစာက ကိုးကားဖော်ပြရာတွင် " စစ်ကြောရေးမှာ အဖမ်းခံထားရသူတွေက ဝန်ခံခဲ့တာ ကတော့ သူတို့ဟာ မူးယစ်ဆေးလုပ်ငန်းမှာ ပတ်သက်နေတာ အတော်ကြာပြီလို့ ဆိုပါတယ်။ ရာဘမှောင်ခိုမှုမှာ ငါးဖမ်းလှေပိုင်ရှင်တစ်ချို့ပတ်သက်နေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိခဲ့ရပါတယ်" ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly