အမြန်လမ်းမအသစ်ဖွင့်လှစ်နိုင်ခြင်းအတွက် ထိုင်း ဝန်ကြီးချုပ် ချီးကျူးဂုဏ်ပြု

အမြန်လမ်းမအသစ်ဖွင့်လှစ်နိုင်ခြင်းအတွက် ထိုင်း ဝန်ကြီးချုပ် ချီးကျူးဂုဏ်ပြု

ဩဂုတ် ၂၅

ဘန်ကောက် မှ ချွန်ဘူရီ နှင့် ရာရောင် ပြည်နယ်တို့ကိုဆက်သွယ်ထားသည့် အမြန်လမ်းမ သစ်ကို ထိုင်းဝန်ကြီးချုပ်က တနင်္လာနေ့ တွင်ဖွင့်လှစ်ပေးခဲ့သည်။

ယခုဖွင့်လှစ်လိုက်သည့်အမြန်လမ်းသည်ပြည်တွင်းတွင်ပထမဆုံး ကြည်းကြောင်း၊ ရေ ကြောင်း၊လေကြောင်းပို့ဆောင်ရေးစနစ်များကိုဆက်သွယ်ထားသည့်လမ်းမကြီးဖြစ်သည် ဟု ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာ ကပြောကြားခဲ့သည်။ ယင်းအမြန်လမ်းသည်  အရှေ့ ပိုင်းဒေသရှိ ကမ္ဘာလှည့်ခရီးသွားများပြားသည့်ဒေသများ၊ စက်မှုမြို့ပြများနှင့် လယ်ယာ များကိုလည်းဆက်သွယ်ပေးထားသည်ဟုပြောကြားခဲ့သည်။

အဆိုပါအမြန်လမ်းသည် ထိုင်းနိုင်ငံ၏ပြည်ပပို့ကုန်ကဏ္ဍတွင် အရေးပါလာမည်ဖြစ်ပြီး အရှေ့ဘက်စီးပွားရေးစင်္ကြံ (EEC)နှင့်ဆက်သွယ်နေပြီး နိုင်ငံတကာကုန်သွယ်ရေး တံခါး ပေါက်ဖြစ်လာလိမ့်မည်ဟု ဗိုလ်ချုပ်ကြီးပရာရွတ် ကပြောကြားခဲ့သည်။

အမြန်လမ်းသစ်သည်ထိုင်းအစိုးရ၏အမျိုးသားမဟာဗျူဟာနှစ် ၂၀ စီမံကိန်းတွင်အရေးပါ သောလမ်းဖြစ်ပြီးကျေးလက်ဒေသများတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း များပိုမိုများပြားလာစေခြင်း ၊ ဝင်ငွေတိုးတက်လာစေခြင်း၊ကမ္ဘာလှည့်ခရီးသွားကဏ္ဍဖွံ့ဖြိုး လာစေခြင်းနှင့် ခရီးသွားချိန်လျှော့ချနိုင်စေခြင်းစသည့်ကောင်းကျိုးများ ရရှိစေပါသည်။

အမြန်လမ်းမသစ်ဖောက်လုပ်ရန်အတွက် မြေစွန့်လွှတ်ခဲ့ကြသည့်အစိုးရအဖွဲ့အစည်းများ၊  စီးပွားရေးလုပ်ငန်းများ ၊ဒေသခံများအပါအဝင်သက်ဆိုင်သူများအားလုံးကိုဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ပတ္တရား နှင့် တဖောင် ဆက်စပ်လမ်းသည် ချွန်ဘူရီ မှအမြန်လမ်းမ ၇ ခု၊ ရာရောင် ဘန်ချန် ခရိုင်မှအမြန်လမ်းမ ၃ ခုတို့ကိုဆက်သွယ်ထားပြီး ချွန်ဘူရီ နှင့် ရာရောင် ပြည်နယ်များကိုဖြတ်သန်းသွားသည်။

၁၇.၇၈ ဘီလီယံဘတ် ကုန်ကျခဲ့ပြီး ၃၂ ကီလိုမီတာရှည်သောအမြန်လမ်းသစ်ကို မတ်လ တွင်စမ်းသပ်ဖွင့်လှစ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly