စွန့်ပစ်ပစ္စည်းတွေနဲ့ ဆောက်တဲ့ အဆောက်အဦး

စွန့်ပစ်ပစ္စည်းတွေနဲ့ ဆောက်တဲ့ အဆောက်အဦး

စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ တာယာတွေ၊ ဖန်ပုလင်းတွေ၊ သံဘူးတွေကို အသုံးပြုသွားပြီး စက်ဝိုင်းပုံစံနှစ်ထပ်အဆောက်အဦး တစ်ခုကို အမေရိကန်နိုင်ငံသားဇနီးမောင်နှံ ရဲ့ ဦးဆောင်မှုနဲ့ သန်လျင်သဘာဝတရားရိပ်သာမှာ စတင်အကောင်အထည်ဖော်နေကြပါပြီ။

တည်ဆောက်ရာမှာဦးဆောင်သူ claus က''မိုးရာသီမှာ မိုးရေခံထားဖို့ သန့်စင်တဲ့ ကျင်းလေးတွေလည်းလုပ်ဦးမှာပါ၊ လေပူလေအေးမျှအောင် အလုပ်ရုံရဲ့အပေါ်မှာ ဖန်မျက်နှာပြင်အမိုးတပ်မှာပါ။ ကျွန်တော်တို့ အခုအချိန်မှာ  ဒါမျိုးတွေ စလုပ်လိုက်ရင် မြန်မာနိုင်ငံလူတွေလည်း ရင်းမြစ်တွေဘယ်လိုရှာရမလဲဆိုတာ သိလာမယ်။ အမေရိကမှာဆို ရေ၊ မီးအတွက် billတွေ ဆောင်ပြီးသုံးနေရတယ်။
မြန်မာနိုင်ငံမှာကတော့ သဘာဝသယံဇာတအရင်းအမြစ်တွေ ပေါကြွယ်ဝတယ်။ နေဆီကလည်း တစ်ချိန်လုံးအလင်းရောင်ပေးနေတယ်။ မိုးရေလည်း သိုလှောင်လို့ရတယ်။ ရေလည်းပေါတယ် ။ ရေဖိုးလည်း ပေးစရာမလိုဘူး။ ဒါတွေကို ဘာလို့ အသုံးမချရမှာလဲ''လို့ပြောပါတယ်။
 
ဒီအဆောက်အဦးထဲမှာ လေအေးပေးစက်သုံးစရာမလိုဘဲ သဘာဝကပေးစွမ်းထားတဲ့ သဘာ၀ လေ ၊ သဘာဝအလင်းရောင်တွေနဲ့  နေထိုင်နိုင်အောင် ဆောက်လုပ်မှာဖြစ်ပါ တယ်။

ရိုက်ကူး / တည်းဖြတ် - အုပ်မှူးဇော်

တင်ဆက် - အုပ်မှူးဇော်/ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly