နိုင်ငံခြားသားများ အဝင်ပိတ်ထားခြင်းကို ရုပ်သိမ်းရန် ဂျပန် ပြင်ဆင်

နိုင်ငံခြားသားများ အဝင်ပိတ်ထားခြင်းကို ရုပ်သိမ်းရန် ဂျပန် ပြင်ဆင်

ဩဂုတ် ၂၃

ဂျပန်နိုင်ငံသည် နိုင်ငံအတွင်း ကာလရှည် နေထိုင်မည့် နိုင်ငံခြားသား နေထိုင်သူများကို စက်တင်ဘာလတွင် ပြန်လာနိုင်ရေး ခွင့်ပြုရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိနေကြောင်း Nikkei က ကြားသိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဂျီ-၇ အုပ်စုက နိုင်ငံခြားသားများအား ဝင်ခွင့် ကန့်သတ်ထားခြင်းကြောင့် ဝေဖန်မှုများ ရင်ဆိုင်လာရပြီးနောက် ယခုကဲ့သို့ ပြင်ဆင်လာခြင်းပဲ ဖြစ်သည်။

ဆုံးဖြတ်ချက်ကို အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် လုပ်ငန်းစဉ်အဖွဲ့က မကြာမီ ချမှတ်မည် ဖြစ်သည်။ ပြန်လာသူများအနေဖြင့် ဒီအိုင်အေကို ပွားများပြီး ဓာတ်ခွဲစမ်းသပ်မှု PCR နှင့် ၁၄ ရက်တာ ကိုယ်တိုင် သီးခြားနေခြင်းတို့ကို လိုက်နာရမည် ဖြစ်သည်။ ထို စည်းမျဉ်းများမှာ ပြည်ရပ်ပြန် ဂျပန်နိုင်ငံသားများပါ လိုက်နာရသည့်အတိုင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိတ်ဆို့ရေးအတွက် ဂျပန်နိုင်ငံ၏ အားထုတ်လုပ်ဆောင်မှုများသည် ပြည်ပသို့ ခရီးထွက်သွားသော ဂျပန်နိုင်ငံ၌ ကာလရှည် နေထိုင်သူ နိုင်ငံခြားသားများ၊ အလုပ်လုပ်ကြသူများနှင့် ပညာသင်ကြားသူများက မိသားစုဆီ ပြန်မလာနိုင်ဘဲ ရှိနေခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရပ်တည်ချက် ပြောင်းလာခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ ပြန်လည်ပြည်ဝင်ခွင့် ကန့်သတ်ချက်များအား ဖြေလျှော့ရန် နိုင်ငံတကာ၏ တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယင်း ပြဿနာမှာ ဥရောပနှင့် ဂျပန် စီးပွားရေး နှစ်ရပ်စလုံးအပေါ် ‘အထူး သက်ရောက်နေကြောင်း ဂျပန်ရှိ ဥရောပစီးပွားရေးကောင်စီ ဥက္ကဌဖြစ်သူ မိုက်ကယ်မရိုဇက်က ပြောသည်။

သောကြာနေ့ကအထိ ဂျပန်နိုင်ငံသည် အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂနိုင်ငံများအပါအဝင် နိုင်ငံနှင့် ဒေသ ၁၄၆ ခုသို့ ခရီးသွားရောက်ရှိနေသော နိုင်ငံသားမဟုတ်သူများကို ပြည်ဝင်ခွင့် ပိတ်ထားခဲ့သည်။

ဂျပန်နိုင်ငံ၌ ကုမ္ပဏီ စီအီးအိုများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ပညာတော်သင်များနှင့် အပြန်အလှန်ပညာသင်ကျောင်းသားများအပါအဝင် ရေရှည်နေထိုင်သော နိုင်ငံခြားသားဦးရေမှာ ၂ ဒသမ ၆ သန်းခန့် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly