ရုရှားအစိုးရကို ဝေဖန်သူ နာဗယ်လ်နီ အား ကိုမာ‌ရောဂါကုသရန် ရုရှားမှဂျာမနီသို့ ထွက်ခွာ

ရုရှားအစိုးရကို ဝေဖန်သူ နာဗယ်လ်နီ အား ကိုမာ‌ရောဂါကုသရန် ရုရှားမှဂျာမနီသို့ ထွက်ခွာ

ဩဂုတ် ၂၂

ရုရှားအစိုးရအားဝေဖန်သူ အလက်ဆီနာဗယ်လ်နီ သည် ကျန်းမာရေးအလွန်ချို့တဲ့နေသဖြင့်ဆေးဝါးကုသရန် အတွက်စနေနေ့နံနက်အစောပိုင်းတွင်ဂျာမနီနိုင်ငံသို့ထွက်ခွာသွားသည်။

ရုရှားအာဏာပိုင်များက၎င်းကိုဆေးဝါး ကုသခွင့်မပြုရန်ကြိုးပမ်းနေသည်ဟု အတိုက်အခံနိုင်ငံရေးသမားများ၏မဟာမိတ်များမှစွပ်စွဲပြောကြားခဲ့ပြီးနောက်ယခုကဲ့သို့ ဆေးဝါးကုသခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ နာဗယ်လ်နီ သည် ကိုမာရောဂါခံစားနေရပြီး ၎င်း၏ဦးနှောက် အခြေအနေမှာတည်ငြိမ်နေသဖြင့် လောလောဆယ်တွင် အသက်အန္တရာယ်မရှိဟု အိုမက်စ်မြို့ ဆေးရုံမှ ဆေးဝန်ထမ်းများကပြောကြားခဲ့သည်

နာဗယ်လ်နီ ကို သန်းခေါင်ယံအချိန်တွင် အရေးပေါ်ကားဖြင့် အိုမက်စ် လေဆိပ်သို့ပို့ဆောင်ပေးခဲ့ပြီး ၂ နာရီအကြာတွင် ၎င်း၏လေယာဉ်ထွက်ခွာသွားသည်ဟု ရိုက်တာမှ ပြောကြားခဲ့သည် ။ ၎င်းနှင့်အတူဇနီးဖြစ်သူ ယူလီယာ လည်းလိုက်ပါသွားသည်ဟု နာဗယ်လ်နီ ၏ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကီရာ ရာမက်ရှ် ကပြောကြားခဲ့သည်။

အလက်ဆီ ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးအတွက် ကုသမှုစတင်နေပါပြီ ကုသမှုကရှည်ကြာဦးမှာဖြစ်ပေမယ့်အနည်းဆုံးပထမဆင့်ကိုတော့စတင်ကုသနေပါပြီ ဟု ရာမက်ရှ် က တွီတာတွင်ရေးသားခဲ့သည်။

နာဗယ်လ်နီ သည်ကြာသပတေးနေ့က လေယာဉ်ပေါ်တွင် လက်ဘက်ရည်သောက်ပြီး လဲကျသွားခဲ့ရာ၎င်းမှာ အဆိပ်ခတ်ခံရခြင်းဖြစ်သည်ဟု မဟာမိတ်များကယုံကြည်နေကြသည်။  နာဗယ်လ်နီ သည် ကာလရှည်ကြာစွာ ရုရှားသမ္မတ ဗလာဒီမီယာပူတင် ကိုဆန့်ကျင်ခဲ့သူဖြစ်ပြီး အဂတိလိုက်စားမှုဆန့်ကျင်သူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly