ထိုင်းနိုင်ငံ၌ ဆန္ဒပြပွဲများ ရှိနေစဉ် ဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အမိန့် သက်တမ်းတိုးမည်

ထိုင်းနိုင်ငံ၌ ဆန္ဒပြပွဲများ ရှိနေစဉ် ဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အမိန့် သက်တမ်းတိုးမည်

သြဂုတ် ၂၀

နိုင်ငံတွင် သုံးလနီးပါးအတွင်း ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုဖြစ်စဉ် တွေ့ရှိခြင်းအပေါ် တုံ့ပြန်သောအားဖြင့် ဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားမှုကို စက်တင်ဘာအထိ သက်တမ်းတိုး မည်ဖြစ်ကြောင်း ထိုင်းအစိုးရက သြဂုတ် ၁၉ ရက်တွင် ရိုးတိုးရိပ်တိပ် ပြောခဲ့သည်။

ယင်းက ပိုမိုပျံ့နှံ့လာနေသော ဆန္ဒပြမှုများအပေါ် အာဏာသုံး နှိပ်ကွပ်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဆိုသည့် ထင်မြင်ချက်များကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

ယင်းက အဆိုပါ အမိန့်ဒီကရီကို ငါးကြိမ်မြောက် သက်တမ်းတိုးမှုလည်း ဖြစ်လာမည်ဖြစ်သည်။  

ထိုင်းအစိုးရသည် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် အမိန့်ဒီကရီကို မတ်လကုန်ကတည်းက စတင်ထုတ်ပြန်ထားခဲ့ပြီး ယခုအခါ ယင်းသည် သြဂုတ်လကုန်တွင် ကုန်ဆုံးရန် ရှိနေသည်။

အမိန့် သက်တမ်းတိုးမှုကို လာမည့် ရက်အနည်းငယ်အတွင်း အစိုးရဝန်ကြီးအဖွဲ့က တရားဝင် အတည်ပြုသွားမည်ဖြစ်သည်။

နိုင်ငံတွင် ရက်ပေါင်း ၈၆ ရက်အတွင်း ပထမဆုံးသော လူအစုအဖွဲ့တွင်း ကူးစက်မှုဖြစ်စဉ် ဖြစ်ပုံရသူသည် ဇွန်လက ဒူဘိုင်းကနေ ပြန်လာသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် ၁၄ ရက် ကွာရန်တင်း ဝင်ပြီးနောက် နိုင်ငံအရှေ့မြောက်ပိုင်းရှိ သူမ၏ မွေးရပ်မြို့သို့ ခရီးသွားခဲ့ကြောင်း သိရသည်။

သူမသည် ပြည်ပသို့ အလုပ်ကိစ္စဖြင့် ခရီးသွားရန် စီစဉ်ထားပြီး ယင်းမတိုင်မီ ပြီးခဲ့သည့် အင်္ဂါနေ့က သူမ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းကို ဘန်ကောက်တွင် စစ်ဆေးသိရှိခဲ့ခြင်း ဖြစ်သည်။

ထိုင်းတွင် ပြီးခဲ့သည့်လများအတွင်း ကျောင်းသားများ ဦးဆောင်သော ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပွားထားခဲ့စဉ် ယခုကဲ့သို့ အရေးပေါ် အမိန့် သက်တမ်းတိုးမည့် ဆုံးဖြတ်ချက် ဖြစ်လာခြင်း လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly