သတင်းအကြောင်းအရာအသုံးပြုမှုအတွက် အခကြေးငွေပေးရန် ဩစတြေးလျအစိုးရ၏ အစီအစဉ်ကို Google ဝေဖန်

သတင်းအကြောင်းအရာအသုံးပြုမှုအတွက် အခကြေးငွေပေးရန် ဩစတြေးလျအစိုးရ၏ အစီအစဉ်ကို Google ဝေဖန်

ဩဂုတ် ၁၈

ဩစတြေးလျအစိုးရက ဒစ်ဂျစ်တယ်ကုမ္ပဏီကြီးများအား သတင်းအကြောင်းအရာဖော်ပြအသုံးပြုမှုများအတွက် သတင်းမီဒီယာများကို အခကြေးငွေပေးရန် တွန်းအားပေးနေမှုအပေါ် အမေရိကန်နည်းပညာကုမ္ပဏီကြီး Google က တနင်္လာနေ့တွင် ပြစ်တင်ဝေဖန်ခဲ့သည်။

သုံးစွဲသူများ၏အချက်အလက်များမှာလည်း အန္တရာယ်ရှိနိုင်သည်ဟု ဩစတြေးလျအစိုးရသတိပေးလိုက်သည်။  

၁၈ လကြာဆွေးနွေးမှုများပြုလုပ်ပြီး သဘောတူညီမှု တစ်စုံတစ်ရာမရရှိခဲ့ပြီးနောက် Google နှင့် Facebook ကဲ့သို့သော ကုမ္ပဏီများသည် ပါဝင်သောအကြောင်းအရာ (content ) များအတွက် သတင်းမီဒီယာများကို အခကြေးငွေပေးရမည်ဟု ပြီးခဲ့သည်လက ကြေညာခဲ့သည်။  

ယခုအခါ Google သည် ထိုသတ်မှတ်ချက်များ အသက်ဝင်လာစေမည့်စီမံချက်များကို တားဆီးရန် အစွမ်းကုန်လုပ်ဆောင်လျက်ရှိသည်။ Google သည် နှစ်စဉ်နှစ်တိုင်း ရှာဖွေမှုအချက်ပေါင်းများစွာထောက်ပံ့ပေးပြီး ဒေါ်လာသန်းပေါင်းများစွာပေးခြင်းအားဖြင့် ဩစတြေးလျမီဒီယာနှင့် စီးပွားဖက်ဖြစ်နေပြီးဖြစ်သည်ဟု ဆိုသည်။ ထိုသို့မိတ်ဖွဲ့မှုကို အားပေးရမည့်အစား မီဒီယာကုမ္ပဏီကြီးများအတွက် အခကြေးငွေပေးဆောင်ရန်နှင့် ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုများလုပ်ရန်  ဥပဒေတစ်ရပ်ပြဋ္ဌာန်းခြင်းသည် Google ၏အခမဲ့ဝန်ဆောင်မှုများကို  အခက်တွေ့စေမည်ဟု Google ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ဥပဒေသည် အစောပိုင်းတွင် ကမ္ဘာ့အချမ်းသာဆုံးနှင့်အင်အားအကြီးမားဆုံး Facebook နှင့် Google တို့ကို အလေးထားပြောကြားသော်လည်း နောက်ပိုင်းတွင် မည်သည့်ဒစ်ဂျစ်တယ်ပလက်ဖောင်းမဆို သက်ရောက်စေနိုင်မည်ဟု ဆိုသည်။  

ကမ္ဘာတစ်လွှားရှိ သတင်းမီဒီယာများသည် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ထိခိုက်မှုများနှင့်ကြုံတွေ့နေရပြီး နည်းပညာကုမ္ပဏီကြီးများမှာမူ ကြော်ငြာဝင်ငွေမြောက်မြားစွာ ရရှိနေကြသည်။  

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့်လများအတွင်း  ဩစတြေးလျသတင်းစာ အများအပြားပိတ်သိမ်းခဲ့ရပြီး သတင်းထောက် ရာပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ကာ စီးပွားရေးပြိုလဲခဲ့မှုကြောင့် အခြေအနေမှာ ပိုဆိုးရွားလာခဲ့သည်။ ဩစတြေးလျအစိုးရ၏အစီအစဉ်ကို ဒေသခံမီဒီယာများက ထောက်ခံခဲ့ကြပြီး အဆိုပါဥပဒေကို ယခုနှစ်တွင် ပြဋ္ဌာန်းမည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly