တုပ်ကွေးရာသီ ဆောင်းမဝင်မီ အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၀၀၀၀ ကျော် 

တုပ်ကွေးရာသီ ဆောင်းမဝင်မီ အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၀၀၀၀ ကျော် 

ဩဂုတ် ၁၇

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁၇၀၀၀၀ ကျော် ရှိကြောင်း ရိုက်တာ၏ စစ်တမ်းကောက်ယူချက်အရ သိရသည်။ 

တုပ်ကွေးအဖြစ်များသည့် ဆောင်းရာသီတွင် COVID-19 ကြောင့် ပိုပြီး ခက်ခဲဆိုးဝါးမည်ကို ကျန်းမာရေးတာဝန်ရှိ ပညာရှင်များက စိုးရိမ်ပူပန်လျက် ရှိသည်။ 

ဖလော်ရီဒါ၊ တက္ကဆက်နှင့် လူဝီစီယားနားတို့သည် သေဆုံးသူအများဆုံး ဖြစ်နေပြီး တနင်္ဂနွေနေ့က သေဆုံးသူပေါင်း ၄၈၃ ဦး ရှိသည်။ 

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်းမှာ အနည်းဆုံး ၅ ဒသမ ၄ သန်း ရှိကြောင်း အတည်ပြုထားရာ ကမ္ဘာတွင် အများဆုံးပဲ ဖြစ်သည်။ 

ဟာဝိုင်ယီ၊ တောင်ပိုင်းဒါကိုတာနှင့် အီလီနွိုက်ပြည်နယ်များမှ လွဲ၍ ပြည်နယ်အများစုတွင် ကူးစက်ဖြစ်ပွားမှုနှုန်း ကျဆင်းလာနေသည်။ 

တုပ်ကွေးရာသီအစ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တစ်ကျော့ပြန်မညင့်တက်လာမည်ကို ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများနှင့် အာဏာပိုင်များက စိုးရိမ်ပူပန်လျက် ရှိနေသည်။  

တုပ်ကွေးရာသီ ဆောင်းဝင်လာလျှင် ကိုရိုနာဗိုင်းရပ်စ် ကုသမှုပေးရေး ကြိုးပမ်းအားထုတ်မှုများအတွက် ပို၍ ဆိုးဝါးလာနိုင်ခြေ ရှိနေသည်။ 

ကျန်းမာရေးလမ်းညွှန်ချက်များအား ပြည်သူများအနေဖြင့် မလိုက်နာပါ အမေရိကန်အနေဖြင့် ‘အဆိုးဆုံး ဆောင်းရာသီ’ကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု ရောဂါထိန်းချုပ်ရေးစင်တာ ညွှန်ကြားရေးမှူး ရောဘတ်ရက်ဖီးဒ်က ပြောသည်။ 

ကပ်ဘေးကာလ လများစွာ ကြာမြင့်လာသည်နှင့်အမျှ အမေရိကန်သည် ရောဂါကူးစက်မှုမှ နောက်ဆက်တွဲ ကြုံတွေ့ရသည့် စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုမှ ပြန်လည်ဦးမော့ရေးမှာလည်း ယိုင်နဲ့နဲ့ အခြေအနေ ရှိနေဆဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly