ထိုင်ဝမ်က အမေရိကန်မှ ဒေါ်လာ ၆၂ ဘီလီယံတန်ဖိုးရှိ F-16 တိုက်လေယာဉ်များဝယ်ယူရန် အပြီးသတ်သဘောတူ

ထိုင်ဝမ်က အမေရိကန်မှ ဒေါ်လာ ၆၂ ဘီလီယံတန်ဖိုးရှိ F-16 တိုက်လေယာဉ်များဝယ်ယူရန် အပြီးသတ်သဘောတူ

ဩဂုတ် ၁၅

ထိုင်ဝမ်သည် အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Lockheed Martin မှ အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံတန်ဖိုးရှိ F-16 တိုက်လေယာဉ်များဝယ်ယူရန် သောကြာနေ့က အပြီးသတ်သဘောတူလိုက်ပြီဖြစ်သည်။ 

ပင်တဂွန်သည် ဝယ်ယူသူကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ စာချုပ်,ချုပ်ဆိုမှုအကြောင်း ကြေညာခဲ့သော်လည်း AFP ကို အတည်ပြုခဲ့သော နီးစပ်သောရင်းမြစ်အရ ထိုနိုင်ငံမှာ ထိုင်ဝမ်ဖြစ်ကြောင်းသိရသည်။  

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်သည် ယမန်နှစ်က အမေရိကန်ဆီမှ F-16 တိုက်လေယာဉ်မျိုးဆက်သစ် ၆၆ စီးဝယ်ယူရန် သဘောတူညီချက်ရထားပြီးဖြစ်သည်။

ထိုင်ဝမ်သည် ၁၉၉၂ ခုနှစ်ကလည်း F-16 ဘက်စုံသုံးတိုက်လေယာဉ်တစ်စုကို ဝယ်ထားပြီးဖြစ်သည်။   စာချုပ်သစ်အရ တိုက်လေယာဉ်အစီး ၉၀ မှာယူထားပြီး နောက်ဆုံးပေါ်နည်းပညာနှင့်လက်နက်များတပ်ဆင်ထားသည် ဟု ပင်တဂွန်က ပြောသည်။

  ပေကျင်းသည် ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းကာ နိုင်ငံရေးအာဏာပြပြီးချိန်နှင့် အမေရိကန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့လာရောက်ပြီး နှစ်ရက်အကြာတွင် Lockheed နှင့် ယခုကဲ့သို့ တိုက်လေယာဉ်ဝယ်ယူမှုစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly