တရုတ်ကို တန်ပြန်ရေး အာရှ၌ တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကြက်ရေး အမေရိကန် စဉ်းစား

တရုတ်ကို တန်ပြန်ရေး အာရှ၌ တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကြက်ရေး အမေရိကန် စဉ်းစား

ဩဂုတ် ၁၅

တရုတ်နျူကလီးလက်နက်သိုက်၏ တိုက်ရိုက်ခြိမ်းခြောက်မှုများကို တန်ပြန်ရေး လက်ရှိ တပ်ဖြန့်မှုများအောက်တွင် အမေရိကန်နိုင်ငံသည် အာရှမဟာမိတ်များနှင့် တာလတ်ပစ်ဒုံးကျည်များ တပ်ဖြန့်ရေး ဆွေးနွေးမည်ဖြစ် ကြောင်း ဝါရှင်တန်၏ ထိပ်တန်းလက်နက်ထိန်းချုပ်ရေး စေ့စပ်ညှိနှိုင်းရေးမှူးက Nikkei သို့ သောကြာနေ့က ဖုန်းဖြင့် အင်တာဗျူးရာတွင် ပြောသည်။

တရုတ်၏ နျူကလီးယား တည်ဆောက်မှုများ၏ ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး အမေရိကန်သည် အာရှရှိ မိမိတို့၏ မိတ်ဆွေများနှင့် မဟာမိတ်များနှင့် ဆွေးနွေးသွားလိုကြောင်း၊ အမေရိကန် သက်သက်အတွက်သာ မဟုတ်ဘဲ မဟာမိတ်များအတွက်ပါ ဖြစ်ကာ အနာဂတ်တွင် မိမိတို့အနေဖြင့် မဟာမိတ်များကို ကာကွယ်နိုင်ရန် လိုအပ်သည့် စွမ်းဆောင်ရည်ကို တည်ဆောက်လိုကြောင်း လက်နက်ထိန်းချုပ်ရေးဆိုင်ရာ အထူးသမ္မတ ကိုယ်စား လှယ် မာရှဲလ်ဘီလ်လင်းစလေက ပြောသည်။  

အဓိကအားဖြင့် နျူကလီးယားမဟုတ်သော တာလတ်ပစ် မြေပြင်ပစ် ခရုဇ်ဒုံးကျည်များကို တပ်ဖြန့်လိုချင်ကြောင်း ဘီလ်လင်းစလေက ထောက်ပြပြေဆိုသည်။ အဆိုပါ ဒုံးကျည်များကို ရုရှနှင့် သဘောတူထားသော တာလတ် ပစ်နျူကလီးယားအင်အားပဋိဉာဉ်အရ တားမြစ်ထားခြင်း ဖြစ်ပြီး ယင်း ပဋိဉာဉ်မှ အမေရိကန် နုတ်ထွက်ပြီး ၂၀၁၉ ဩဂုတ်တွင် စတင် ပြန်လည်ထုတ်လုပ်လာခြင်း ဖြစ်သည်။

ယင်း လက်နက်များသည် ကာကွယ်ရေးစွမ်းရည် တိကျပြီး ဂျပန်ကဲ့သို့သော နိုင်ငံများအနေဖြင့် အနာဂတ်တို့ လိုလားလာမည်၊ လိုအပ်လာမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဒုံးကျည်သစ်များသည် ကီလိုမီတာ ၁၀၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သည်ဟု ယုံကြည်ရသည်။ ထို ဒုံးကျည်များက ဂူအမ်ကျွန်းမှနေ၍ တရုတ်နိုင်ငံထိ ရောက်ရှိနိုင်သော အကွာအဝေး မဟုတ်သဖြင့် ထိရောက်ရှိသော တန်ပြန်လုပ်ငန်းစဉ်အားဖြင့် အာရှတွင် ဖြန့်ကြက်နိုင်ရန် လိုအပ်လာမည် ဖြစ်သည်။

အမေရိကန်၏ စစ်တပ်ရင်းများတွင် အသံထက်မြန်သော လက်နက်များကို တီထွင်ထုတ်လုပ်လျက် ရှိသည်ဟုလည်း ဘီလ်လင်းစလေက မှတ်ချက်ပြုပြောဆိုသည်။ အဆိုပါ hypersonic weapons လက်နက်များသည် အသံထက် ငါးဆမြန်ပြီး သမရိုးကျ ဒုံးကျည်ကာကွယ်ရေး စနစ်များအတွက် ပြဿနာပေးနိုင်၍ တရုတ်အား တန်ပြန်ရေး၌ အရေးပါသည့် လက်နက်များ ဖြစ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly