တရုတ်တွင် တင်သွင်းလာသည့် အေးခဲအစားအစာများ၌ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ 

တရုတ်တွင် တင်သွင်းလာသည့် အေးခဲအစားအစာများ၌ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ 

]ဩဂုတ် ၁၄

ကုန်သွယ်သည့် အစားအစာမှ ကိုရိုနာဗိုင်းရပ်စ် ဘေးအန္တရာယ် ရှိခြင်းနှင့် ပတ်သက်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အဆင့်လျှော့ချပြောဆိုထားသော်လည်းတရုတ်မြို့နှစ်မြို့၌ တင်သွင်းလာသော အေးခဲအစားအစာများတွင် ကိုရိုနာဗိုင်းရပ်စ် သဲလွန်စများကို တွေ့ရှိသည်။ 

ဘရာဇီးနိုင်ငံမှ တောင်ပိုင်းမြို့ ရှန်ကျန်သို့ တင်သွင်းသည့် အေးခဲကြက်တောင်ပံများ၏ မျက်နှာပြင်မှ နမူနာများနှင့် အရှေ့မြောက်ပိုင်း ရှီအန်းတွင် ရောင်းချနေသော အီကွေဒေါမှ အေးခဲပုစွန်ဆိတ်များမှ မျက်နှာပြင်မှ ရယူသော နမူနာများတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိကြောင်း တရုတ်အာဏာပိုင်များက ပြောသည်။ 

ဘရာဇီး၏ တတိယအကြီးဆုံး ကြက်၊ ဝက်တင်ပို့သည့် Aurora ကုမ္ပဏီပိုင် စက်ရုံမှ တင်သွင်းသည့် ကြက်သားများ ဖြစ်ကြောင်း ရှန်ကျန်အာဏာပိုင်များက ပြေသည်။ 

COVID-19 ကူးစက်ဖြစ်ပွားမှုများ ကမ္ဘာတစ်ဝန်း မြင့်တက်လျက် ရှိစဉ် အစားအစာများ၏ မျက်နှာပြင်နှင့် အတွင်းပိုင်းသို့ ရောဂါပျံ့နှံ့နိုင်သည်ဆိုသော ယခု တွေ့ရှိချက်သစ်ကြောင့် စိုးရိမ်မှုသစ်များ ဖြစ်ပွားပေါ်ပေါက်လာစေသည်။  

အစောပိုင်းရက်ကလည်း နယူးဇီလန်တွင် ပထမဆုံး COVID-19 ကူးစက်ဖြစ်ပွားခြင်းသည် တင်သွင်းအစားအစာ ကုန်စည်များမှ ဖြစ်နိုင်မဖြစ်နိုင်ကို တာဝန်ရှိသူများက စတင်စုံစမ်းမှုများ လုပ်ဆောင်ခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်သည် အပူချိန် အနုတ် ၂၀ ဒီဂရီဆဲလ်စီးရပ်စ်တွင် နှစ်နှစ်ကြာ ရှင်သန်စွမ်းသော်လည်း သိပ္ပံပညာရှင်များနှင့် တာဝန်ရှိသူများက အေးခဲအစားအစာများမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်သည်ဆိုခြင်းမှာ ယခုအထိ ခိုင်မာသည့် သက်သေမရှိကြောင်း ပြောကြသည်။ 

“လူတွေအနေနဲ့ အစားအစားတွေ၊ အစားအစာ ထုပ်ပိုးမှုတွေနဲ့ အစားအစာ တင်သွင်းမှုတွေကို စိုးရိမ် မနေသင့်ဘူး။”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်စီမံကိန်း အကြီးအကဲ မိုက်ရိုင်ယန်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည် 

“အစားအစာ သို့မဟုတ် အစားအစာ ထုပ်ပိုးမှုများမှ လူများထံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်သည်ဆိုသော သက်သေမရှိကြောင်း။” အမေရိကန် အစားအစားနှင့် ဆေးဝါးစီမံခန့်ခွဲရေးရုံးနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့က ပူးတွဲထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly