ရည်းစားဖြစ်သူအား ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်မှု ထိုင်းနိုင်ငံ၌ဖြစ်ပွား 

ရည်းစားဖြစ်သူအား ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်မှု ထိုင်းနိုင်ငံ၌ဖြစ်ပွား 

ဩဂုတ် ၁၃ 

ထိုင်းနိုင်ငံ၌ ဩဂုတ် ၁၂ ရက်က Mr. Thirapong Suwanphan ( ၂၆ နှစ်) ဆိုသူအား ရည်းစားဖြစ်သူက ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။  

Mr. Thirapong ၏ ရည်းစားဖြစ်သူ  Ms. Sumontha Maskhiriwong (၃၈ နှစ်) သည် Muang မြို့နယ် HuaId ဈေး၌ ငါးအရောင်းအဝယ်လုပ်သူဖြစ်သည်။  

ရဲများ၏ပြောပြချက်အရ အင်္ဂါနေ့ည ၉ နာရီခန့်က Ms. Sumontha သည် အမျိုးသမီးတစ်ဦးမောင်းသည့် အငှားယာဉ်ကို ငှားစီးသွားစဉ်တွင် Mr. Thirapong က နောက်မှ ဆိုင်ကယ်ဖြင့်လိုက်ခဲ့သည်ဟုဆိုသည်။  

ထို့နောက် ကားကိုရပ်ခိုင်းခဲ့ပြီး  Ms. Sumontha အား ကားထဲမှဆွဲထုတ်ကာ ဓားဖြင့် အချက်ပေါင်းများစွာထိုးခဲ့သည်။ Mr. Thirapong သည် အခင်းဖြစ်ရာနေရာတွင် ဆိုင်ကယ်ကိုထားခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။ 

ရဲများရောက်လာသည့်အချိန်တွင် Ms. Sumontha မှာ ဓားဒဏ်ရာ ၁၉ ချက်ဖြင့် သွေးအိုင်ထဲလဲကာ သေဆုံးနေပြီဖြစ်သည်။ 

Mr. Thirapong အား နောက်တစ်ရက်တွင် Ron Phibun မြို့ ၎င်း၏အိမ်၌  ဖမ်းဆီးရမိခဲ့သည်။ Mr. Thirapong က ၎င်း၏ချစ်သူသည် နောက်ထပ်အမျိုးသားတစ်ဦးနှင့်ချစ်ကြိုက်နေသည်ကို သိရှိခဲ့သည့်အတွက် သတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly