အာမခံနှင့်လွတ်လာသည့် ထိုင်းနိုင်ငံဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အနွန် ဆန္ဒပြပွဲ၌ပူးပေါင်း

10 August 2020
အာမခံနှင့်လွတ်လာသည့် ထိုင်းနိုင်ငံဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အနွန် ဆန္ဒပြပွဲ၌ပူးပေါင်း

ထိုင်းနိုင်ငံ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားတဲ့ အနွန် နမ်ပါ ဟာ မကြာသေးခင်က လူထုစုဝေးပွဲတွေမှာ ပါဝင်ခဲ့ပြီး ဆူပူအုံကြွမှုဖြစ်စေတယ်ဆိုတဲ့ စွဲချက်တွေနဲ့ အဖမ်းခံခဲ့ရပါတယ်။ အာမခံနဲ့ပြန်လွတ်လာတဲ့နောက်တစ်ရက် တနင်္ဂနွေနေ့မှာပဲ စုဝေးပွဲထပ်လုပ်ပြီး ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုတွေကို ခြိမ်းခြောက်တဲ့အစိုးရကို ဝေဖန်ပြောဆိုလိုက်ပါတယ်။   ထိုင်းနိုင်ငံမှာ စစ်ဘက်မဟာမိတ်ပြုထားတဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ရှုတ်ချတဲ့ လူငယ်ဆန္ဒပြပွဲတွေ နေ့စဉ်နီးပါးဖြစ်နေတာ သီတင်းပတ်ပေါင်းများစွာရှိပါပြီ။  

တည်းဖြတ် - ဇော်မင်းထွေး

တင်ဆက် -  ဆက်ဝေယံနိုင်/ကျော်ဇောဟိန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly