TikTok ၏ အမေရိကန်ဆိုင်ရာ လုပ်ငန်းများကို ဝယ်ယူရန် စိတ်ဝင်စားဟု Twitter ထုတ်ဖော် 

TikTok ၏ အမေရိကန်ဆိုင်ရာ လုပ်ငန်းများကို ဝယ်ယူရန် စိတ်ဝင်စားဟု Twitter ထုတ်ဖော် 

သြဂုတ် ၉ 

အမေရိကန် လူမှုကွန်ရက်ကုမ္ပဏီ Twitter Inc သည် တရုတ် ဗီဒီယိုဝေမျှမှု အက်ပလီကေးရှင်း TikTok ၏ အမေရိကန်ရှိလုပ်ငန်းများကို ဝယ်ယူရန် စိတ်ဝင်စားကြောင်းကို ထုတ်ဖော်ရန် TikTok ၏ မိခင်ကုမ္ပဏီ ByteDance ထံ ချဉ်းကပ်ခဲ့ကြောင်း ယင်းကိစ္စနှင့် နီးစပ်သူနှစ်ဦးက ရိုက်တာကို ပြောသည်။ 

အလားတူ ဖြစ်နိုင်ဖွယ် သဘောတူညီချက်တစ်ရပ်အတွက် Twitter ၏ ငွေကြေးထုတ်နိုင်စွမ်းအပေါ် သံသယရှိကြောင်း ပညာရှင်များကလည်း ထုတ်ဖော်ခဲ့ကြသည်။ 

၄၅ ရက်အတွင်း ထိုကဲ့သို့ သဘောတူညီချက်တစ်ခုကို ပြီးမြောက်နိုင်ရန်နှင့် အခြားသော အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Microsoft ကို ကျော်တက်ပြီး TikTok နှင့်အကြား သဘောတူညီချက် ရယူနိုင်ရန်အတွက်မှာမူ Twitter အတွက် သေချာရေရာမှု သိပ်မရှိလှပေ။ 

သမ္မတ ထရမ့်သည် အဆိုပါ ဖြစ်နိုင်ဖွယ် အရောင်းအဝယ်ကိစ္စကို ၄၅ ရက်အတွင်း အပြီးသတ်လုပ်ဆောင်ရမည်ဟု ညွန်ကြားချက် ထုတ်ထား ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ 

Twitter နှင့် TikTok အကြား ကနဦးအဆင့် ဆွေးနွေးနေသည် ဆိုသည့် သတင်းနှင့် TikTok ၏ အမေရိကန်ရှိ လုပ်ငန်းများကို ဝယ်ယူရန် ကြိုးပမ်းရာတွင် ရှေ့ကနေ ပြေးနေသူအဖြစ် Microsoft က ရှုမြင်ခံထားရဆဲ ဆိုသည်တို့ကို Wall Street ဂျာနယ်က ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly