အမေရိကန်၌ WeChat ပိတ်ပင်လိုက်ခြင်းက တရုတ်နိုင်ငံသားများအတွက် ဌာနေမိသားစုများနှင့်အဆက်အသွယ်ပြတ်နိုင်

အမေရိကန်၌ WeChat ပိတ်ပင်လိုက်ခြင်းက တရုတ်နိုင်ငံသားများအတွက် ဌာနေမိသားစုများနှင့်အဆက်အသွယ်ပြတ်နိုင်

ဩဂုတ် ၈  

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းနိုင်ငံအတွင်း၌ WeChat app ကို အသုံးပြု၍ အရောင်းအဝယ်ပြုမှုအပေါ်တားမြစ်လိုက်ခြင်းသည် တရုတ်နိုင်ငံသားများအတွက် မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အဆက်အသွယ် ပြတ်တောက်သွားနိုင်ပြီး အမေရိကန်အတွင်း အဆိုပါ app ကို အသုံးပြုနေသူ သန်းပေါင်းများစွာသည် နှစ်နိုင်ငံအကြား နောက်ဆုံးအထိနာသူများဖြစ်လာကာ စိုးရိမ်ကြောက်လန့်မှုများနှင့်ကြုံနေရသည်။

တရုတ်အင်တာနက်ကုမ္ပဏီ Tencent Holdings Ltd ကပိုင်ဆိုင်သော WeChat သည် တရုတ်ကျောင်းသားများ၊ ကျွမ်းကျင်ပညာရှင်များနှင့် တရုတ်နိုင်ငံတွင် ပုဂ္ဂိုလ်ရေး သို့မဟုတ် လုပ်ငန်းဆိုင်ရာ ဆက်ဆံမှုရှိသော အမေရိကန်များအကြား ရေပန်းစားသော app ဖြစ်သည်။ Facebook Messenger၊ WhatsApp  နှင့် Telegram အပါအဝင် အမေရိကန်တွင် လူသုံးများသော သတင်းစကားပေးပို့သည့် app အများစုကိုလည်း တရုတ်၌ ပိတ်ပင်ထားသည်။

အမေရိကန်ရှိ တရုတ်ကျောင်းသားများကလည်း မိသားစု ၊ မိတ်ဆွေများနှင့် အဆက်အသွယ်ပြတ်မှာစိုးသည့် အကြောက်တရားများကို ခံစားနေကြရသည်။  

တားမြစ်ပိတ်ပင်မှုအမိန့်ကြောင့် အမေရိကန်ရှိ တရုတ်လူမျိုးခြောက်သန်းအထိ ထိခိုက်နစ်နာမည်ဖြစ်သည်။  

စိစစ်လေ့လာမှုလုပ်သည့် ကုမ္ပဏီဖြစ်သော Apptopia ၏ အချက်အလက်များအရ ပြီးခဲ့သည့် သုံးလအတွင်း၌ အမေရိကန်တွင် WeChat ကို နေ့စဉ်အသုံးပြုသူ ပျမ်းမျှ ၁၉ သန်းခန့်ရှိသည်ဟု ဆိုသည်။

WeChat အသုံးပြုသူများသည် ၎င်းတို့၏ contact (အဆက်အသွယ်) စာရင်းများကို တရုတ်နိုင်ငံတွင် အသုံးပြုနေဆဲဖြစ်သော မိုက်ခရိုဆော့ဖ်ပိုင် Skype နှင့် LinkedIn app များထဲသို့ အရန်အဖြစ် စတင်သိမ်းဆည်းနေကြပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly