၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် လောင်းများလျာထားမှု

၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် လောင်းများလျာထားမှု

မဇ္ဈိမက သြဂုတ်လ ၅ ရက်နေ့အထိရထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို တင်ထားတဲ့စာရင်းတွေမှာဆိုရင် ရန်ကုန်မှာ ကိုယ်စားလှယ်လောင်းစုစုပေါင်း ၇ဝ၅ ဦးရှိတဲ့ထဲက ၁၆ဝ ဦးက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်ပါတယ်။

ပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP တွေမှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကထက် အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှုပိုများလာတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိတွေကပြောပါတယ်။

 အာဏာရ NLD ပါတီက ကိုယ်စားလှယ်လောင်းစုစုပေါင်း ၁ ထောင်ကျော်ရှိနေတဲ့အထဲ ၂ဝ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။

အတိုက်အခံပါတီ USDP ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ရှိနေတဲ့ထဲက အမျိုးသမီး ၁၂ ရာခိုင်နှုန်းလောက်ပါဝင်တယ်လို့ သိရပါတယ်။

တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly