ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေအများဆုံးဖြစ်လာသည့် လက်တင်အမေရိက  

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေအများဆုံးဖြစ်လာသည့် လက်တင်အမေရိက  

ဩဂုတ် ၅ 

လက်တင်အမေရိကတွင် အင်္ဂါနေ့အထိစာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂၀၆ ၀၀၀ ထက်မနည်းရှိပြီဖြစ်ကာ ခန့်မှန်းခြေအားဖြင့် တစ်ကမ္ဘာလုံးသေဆုံးသူအရေအတွက်၏ ၃၀ % ရှိပြီး ဥရောပကိုပင် ကျော်တက်သွားခဲ့သည်။  

ကိုရိုနာဗိုင်းရပ်စ်ဒဏ်အခံရဆုံး လက်တင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘရာဇီးတွင် အင်္ဂါနေ့ထိစာရင်းအရ သေဆုံးသူ ၉၅ ၈၁၉ ဦးရှိပြီး မက္ကဆီကိုက ဒုတိယအများဖြစ်ကာ ၄၈ ၈၆၉ ဦး သေဆုံးထားသည်။ 

ကိုလံဘီယာ၊ ပီရူး၊ အာဂျင်တီးနားနှင့် ဘိုလီးဗီးယားနိုင်ငံများတွင်လည်း ကပ်ရောဂါပျံ့နှံ့မှုမှာ အရှိန်ရလျက် ရှိသည်။ 

ပြီးခဲ့သည့် သီတင်းပတ်၌ လက်တင်အမေရိကသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးဒေသဖြစ်ခဲ့ပြီး အစိုးရကိန်းဂဏန်းများပေါ်အခြေခံ၍ ရိုက်တာ၏ဆန်းစစ်မှုအရ တနင်္လာနေ့အထိ ရောဂါကူးစက်ခံရသူပေါင်း ငါးသန်းကျော်သွားခဲ့သည်။  

အာဏာပိုင်များက စီးပွားရေးလုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရန် လော့ဒေါင်းများဖြေလျှော့ပြီးနောက် ရောဂါကူးစက်ခံရသူအရေအတွက် တိုးလာခဲ့ခြင်းဖြစ်သည်။  

ကမ္တာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈.၄ သန်းထက်မနည်းရှိပြီး ၆၉၈ ၀၀၀ ဦး သေဆုံးထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly