စင်ကာပူဒေါ်လာ ၄၉၉ တန်ကြေးရှိ Google Pixel 4a စမတ်ဖုန်း စင်ကာပူတွင် Pre-order မှာနိုင်ပြီ 

စင်ကာပူဒေါ်လာ ၄၉၉ တန်ကြေးရှိ Google Pixel 4a စမတ်ဖုန်း စင်ကာပူတွင် Pre-order မှာနိုင်ပြီ 
Photo: Joyee Koo

သြဂုတ် ၄ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းမှုအချို့ ရှိခဲ့ပြီးနောက် Google ၏ တန်ဖိုးနည်း စမတ်ဖုန်း Pixel 4a ကို သြဂုတ် ၄ ရက်မှစ၍ စင်ကာပူတွင် pre-order မှာယူ၍ ရရှိနေပြီဖြစ်သည်။ 

တန်ဖိုးအားဖြင့် စင်ကာပူဒေါ်လာ ၄၉၉ ကျသင့်သည့် Pixel 4a သည် Google အတွက် ဖောက်သည်များကို ပြန်လည်ဆွဲဆောင်သိမ်းသွင်းနိုင်မည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာနိုင်ပြီး အထူးသဖြင့် ကပ်ရောဂါကာလအတွင်း အသုံးစရိတ် လျှော့ချနေသည့် ဖောက်သည်များကို အထူးဆွဲဆောင်နိုင်ရန် ရှိနေသည်။ 

Google Pixel 4a (Photo: Joyee Koo)

စမတ်ဖုန်းဈေးကွက်အတွင်း အများနှင့် အယှဉ်ပြိုင်နိုင်ဆုံးသော ဈေးနှုန်းများအနက် ဈေးနှုန်းတစ်ခုဖြင့် ရရှိနိုင်မည့် အဆိုပါ Google Pixel 4a ဖုန်းတွင် Qualcomm Snapdragon 730G chipset ကို သုံးထားပြီး RAM 6GB နှင့် 128GB storage တို့ ပါဝင်သည်။ 

ထို့ပြင် အသစ် ပြန်လည် ဒီဇိုင်းထုတ်ထားသည့် hole punch ရှေ့ကင်မရာကိုလည်း ထည့်သွင်းထားပြီး ၅.၈ လက်မ ဘေးဘောင်ပျောက် OLED display screen ကို အသုံးပြုထားသည်။ 

Google Pixel 4a (Photo: Joyee Koo)

သိသာမှုတစ်ခုအရ Google သည် ယခင် Pixels ဖုန်းများအပေါ် ဘထ္ထရီသက်တမ်းနှင့်ပတ်သက်၍ ဝေဖန်သူများ၏ စောဒကတက်မှုများကို ယခု ဖုန်းသစ်တွင် ဖြေရှင်းပေးထားပုံရသည်။ 

စမ်းသပ်မှုအရ Pixel 4a ၏ ဘထ္ထရီသည် ကတိပေးထားသည့်အတိုင်း ၂၄ နာရီ ခံသည်ဟု သိရသည်။ 

Pixel ဖုန်းတစ်လုံး ရရှိပိုင်ဆိုင်ခြင်း၏ အကျိုးတရားများအနက် တစ်ခုအနေဖြင့် ယင်းသည် ဖုန်းနှင့်အတူ ပါလာသော Google ဝန်ဆောင်မှုအားလုံးပင် ဖြစ်သည်။ ယခု Pixel 4a တွင် အခမဲ့ YouTube Premium trial ၊ Google One membership နှင့် Google Play Pass ဂိမ်းဝန်ဆောင်မှုတို့ကို သုံးလကြာ ရယူအသုံးပြုခွင့် ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly