ဟာဝိုင်အီပြန်စစ်သား ၉ ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့၍ အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ထိုင်းတပ်မတော် ဆိုင်းငံ့

ဟာဝိုင်အီပြန်စစ်သား ၉ ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့၍ အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ထိုင်းတပ်မတော် ဆိုင်းငံ့

ဩဂုတ် ၃

ဟာဝိုင်အီမှပြန်လာသောထိုင်းစစ်သား ကိုးဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိပြီးနောက် ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်စစ်တပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည့်အစီအစဉ်များကို ဆိုင်းငံ့လိုက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။

ရောဂါကူးစက်ခံရသည့်စစ်သားများသည် ဇူလိုင်လ ပထမသုံးပတ်က ဟာဝိုင်အီတွင် အမေရိကန်စစ်သားများနှင့်အတူ တက်ရောက်ခဲ့သည့် Lightning Forge 2020 သင်တန်းမှ ပြန်လာခဲ့သော ထိုင်းအရာရှိ ၁၅၁ ဦးထဲမှဖြစ်သည်ဟု ထိုင်းတော်ဝင်တပ်မတော်က ပြောသည်။

“အခြေအနေတိုးတက်ကောင်းမွန်လာတဲ့အထိ စစ်တပ်အနေနဲ့ ပြည်ပက တပ်ဖွဲ့တွေခေါ်မယ့်အစီအစဉ်တွေအားလုံး ဆိုင်းငံ့လိုက်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အမေရိကန်ကလွဲလို့ တခြားနိုင်ငံတွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ အစီအစဉ်မရှိပါဘူး” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး Kongcheep Tantawanich က တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

စစ်တပ်အနေဖြင့် သတိထားရန်လိုအပ်ပြီး ယခုအချိန်သည် ဂရုပြုရမည့်အချိန်ဖြစ်သဖြင့် ခရီးသွားရန်ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ထိုင်းတပ်မတော်မှ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအဖွဲ့အကြီးအကဲ Nattapon Srisawat က ပြောသည်။

 ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ ၃၁၇ ဦးနှင့် သေဆုံးသူ ၅၈ ဦးရှိသည်။ လတ်တလော ကူးစက်ခံရသူများမှာ ပြည်ပမှပြန်လာကြသူများဖြစ်ပြီး ပြည်တွင်းကူးစက်မှုမတွေ့ရသည်မှာ ရက်ပေါင်း ၆၉ ရက်ဆက်တိုက်ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly