ဂျပန်ဟမ်းစတား ကာတွန်းရုပ်လေးက ထိုင်းလူငယ်ဆန္ဒပြသူများ၏ သင်္ကေတ ဖြစ်လာ

By Cnalifestyle
02 August 2020
ဂျပန်ဟမ်းစတား ကာတွန်းရုပ်လေးက ထိုင်းလူငယ်ဆန္ဒပြသူများ၏ သင်္ကေတ ဖြစ်လာ

ဩဂုတ် ၂

ထိုင်းနိုင်ငံက ထွန်းသစ်စ ကျောင်းသားများ၏ ဒီမိုကရေစီ လိုလားလှုပ်ရှားမှုများသည် ဂျပန်ဟမ်းစတား ကာတွန်ရုပ်လေး ဟမ်တာရိုက သင်္ကေတပြယုဂ်တစ်ခုဖြစ်လာခဲ့သည်။

နိုင်ငံတစ်ဝန်းက လူငယ်ထု၏ အားပေးထောက်ခံမှုများကို ရရှိရန် ဖန်တီးသော နည်းလမ်းတစ်ရပ်အဖြစ် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားများသည် နေ့စဉ်နီးပါးမျှ စုရုံးဆန္ဒပြမှုများ လုပ်ဆောင်ကြသည်။

ပါလီမန်ဖျက်သိမ်းရေး၊ အစိုးရကို ဝေဖန်သူများအား ဖိနှိပ်မှုများ အဆုံးသတ်ရေးနှင့် နိုင်ငံရေးစနစ်အပေါ် စစ်တပ်၏ ဩဇာအား လွှမ်းခြုံထားသည်ဟုဆိုသည့် ဖွဲ့စည်းပုံအား ပြင်ဆင်ရေးတို့ကို တောင်းဆိုဆန္ဒပြကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဆန္ဒပြသူ သုံးဦးသည် ဟမ်တာရိုကာတွန်းကားပါ တေးသွားကို သီဆိုကြချိန် ကျန်သော ဆန္ဒပြသူများက ဟမ်းစတားလေးများ ဆော့ကစားသည့် ဘီလုံးပုံစံ စက်ဝိုင်းပုံများ ပြု၍ ပတ်လည်ဝိုင်း ပတ်ပြေးကြသည်။

အစိုးရသည် အခွန်ထမ်းပြည်သူများ၏ ငွေကြေးဖြင့် ပျော်ပါးသောက်စားနေသည်ကို နှစ်သက်နေကြသည်ဟု ပြောဆိုလျက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအနေဖြင့် ပါလီမန်ကို ဖျက်သိမ်းရန် တောင်းဆိုကြသည်။

“ဟမ်တာရို ကာတွန်းဟာ နံနက်တိုင်း တီဗီမှာ ပြသနေတာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့နဲ့ အလွယ်တကူ ထိတွေ့ပတ်သက်မှု ဖြစ်စေတယ်။”ဟု အသက် ၂၀ အရွယ် ကျောင်းသားတက်ကြွလှုပ်ရှားသူ ပူမီဝတ်က ပြောသည်။

ဟမ်တာရို၏ တရားဝင်မူပိုင်ခွင့်ကို ပိုင်ဆိုင်သော ဂျပန်ပုံနှိပ်တိုက် ရှိုဂါကူကန်က ထိုင်းဆန္ဒပြပွဲများ၌ ဟမ်တာရိုကာတွန်းရုပ်ကို အသုံးပြုနေခြင်းအတွက် ထင်မြင်ချက်ပေးရန် ရိုက်တာက ဆက်သွယ်သည့်အခါ ငြင်းဆန်သည်။

“လူငယ်တွေဟာ ဒီလို ကာတွန်းရုပ်တွေနဲ့ ကြီးပြင်းလာရတာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုမှာ ဒီ ကာတွန်းရုပ်ကို သင်္ကေတသဖွယ် သုံးတာဟာ လူငယ်ထု ပါဝင်လာဖို့ အလွယ်တကူ လမ်းကြောင်းပဲ ဖြစ်တယ်။” ဟု ထိုင်းကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်သူ အသက် ၂၁ အရွယ် စီရစ်ခန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly