မန်းငြိမ်းမောင် " ဦးအောင်မင်းက မန်းငြိမ်းမောင်ကို KNU ဆီ လက်ဆောင် ပြန်ပေးမယ်လို့ပြောခဲ့တယ်"

01 August 2020
မန်းငြိမ်းမောင် " ဦးအောင်မင်းက မန်းငြိမ်းမောင်ကို KNU ဆီ လက်ဆောင် ပြန်ပေးမယ်လို့ပြောခဲ့တယ်"

ကရင်အမျိုးသားတော်လှန်ရေးကို လုပ်ကိုင်ခဲ့သည့်အတွက် တစ်သက် တစ်ကျွန်းထောင်ကျကာ ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့ရပြီးနောက် လှေငယ် တစ်စင်းဖြင့် ပင်လယ်ကို ဖြတ်သန်းကာ ထွက်ပြေးခဲ့သူ မန်းငြိမ်းမောင်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

တချို့ကလည်း မန်းငြိမ်းမောင်သည် မိခင် ကရင်လက်နက်ကိုင် ဖြစ်သည့် ကရင်အမျိုးသားအစည်း အရုံး(KNU) မှ နုတ်ထွက်ကာ  ရွေးကောက်ပွဲ ဝင်မည့်အပေါ် စိန်ခေါ်မှု ကြီးမားလွန်းကြောင်းလည်း ပြောကြသည်။

ထို့ကြောင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မန်းငြိမ်းမောင်ကို မဇ္ဈိမ မီဒီယာက အယ်ဒီတာ ချစ်မင်းထွန်းမှ တွေ့ဆုံ မေးမြန်းထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly