ယူကေနှင့်အာရှမီဒီယာများ၌ ဖော်ပြနေသည့် မြန်မာနိုင်ငံက ခါးအသေးဆုံးမိန်းကလေး စုမို့မို့နိုင်

ယူကေနှင့်အာရှမီဒီယာများ၌ ဖော်ပြနေသည့် မြန်မာနိုင်ငံက ခါးအသေးဆုံးမိန်းကလေး စုမို့မို့နိုင်

ဩဂုတ် ၁

မြန်မာနိုင်ငံက တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည့် အသက် ၂၃ နှစ်အရွယ် မစုမို့မို့နိုင်သည် ခါးအရွယ်အစား ၁၃.၇ လက်မသာရှိကာ ကမ္ဘာ့ခါးအသေးဆုံးအရွယ်အစားဖြစ်သည့်အတွက် ယူကေနှင့်အာရှမီဒီယာများတွင် ဖော်ပြနေကြသည်။

လူမှုမီဒီယာများ၌ တင်ထားသော သူမဓာတ်ပုံများကို ပြုပြင်ထားသည်ဟုစွပ်စွဲပြောဆိုမှုများရှိနေသော်လည်း စုမို့မို့နိုင်က ငြင်းဆိုထားသည်။

စုမို့မို့နိုင်က ကျန်းမာအောင်စားသောက်နေထိုင်သည့်အတွက် သူမ၏ခါးအရွယ်အစားနှင့်ပတ်သက်ပြီး စိုးရိမ်စရာမရှိဟုဆိုသည်။ သူမ၏ဓာတ်ပုံများကို လူမှုမီဒီယာ၌တင်လေ့ရှိပြီး ခန္ဓာကိုယ်လှပကြောင်း အများက ချီးကျူးပြောဆိုကြသည်။

အင်္ဂလန်ကျန်းမာရေးဌာနက ကျန်းမာသောခါးအရွယ်အစားမှာ ၃၁.၅ လက်မထက် ကျော်လွန်ခြင်းမရှိဟု သတ်မှတ်ထားသည်။

လက်ရှိတွင် ကမ္ဘာ့ခါးအသေးဆုံး ဂင်းနစ်စံချိန်ဝင်သူမှာ အင်္ဂလန်မှ Eherl Granger ဖြစ်ပြီး ၎င်း၏ခါးအရွယ်အစားမှာ ၁၃ လက်မသာရှိသည်။ Eherl Granger သည် ထိုခန္ဓာကိုယ်မျိုးရအောင် ကော့ဆက်ကဲ့သို့သောအတွင်းခံ အင်္ကျီမျိုးကို အမြဲဝတ်ဆင်ပြီး ခါးသေးအောင်လုပ်ခဲ့သည်ဟု ဆိုသည်။ အလားတူခါးအရွယ်အစားရှိသော တခြားအမျိုးသမီးများသည် ထိုပုံစံရရှိရန် နံရိုးအသားများကို ဖယ်ရှားခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly