ဗီယက်နမ်၌ ဒါနန်းမြို့ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ဆက်စပ်၍ ဒေသတွင်းကူးစက်သူ ၁၂ ဦးထပ်မံတွေ့ရှိ

ဗီယက်နမ်၌ ဒါနန်းမြို့ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ဆက်စပ်၍ ဒေသတွင်းကူးစက်သူ ၁၂ ဦးထပ်မံတွေ့ရှိ

ဩဂုတ် ၁

မကြာသေးမီက ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ဆက်စပ်သော ဒေသတွင်းကူးစက်မှုအသစ် ၁၂ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁ ရက်၌ ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့်သီတင်း ပတ် ဗိုင်းရပ်စ်တစ်ကျော့ပြန်လာချိန်မှစ၍ စုစုပေါင်း ၁၁၆ ဦးကို ကူးစက်ခဲ့ပြီးဖြစ်သည်။

ထပ်မံကူးစက်ခံရသူများမှာ ဒါနန်းဆေးရုံနှင့်ဆက်စပ်သူများဖြစ်ပြီး အသက် နှစ်,နှစ်မှ ၇၈ နှစ်အထိ ပါဝင်ကြောင်းသိရသည်။

ဗီယက်နမ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၅၈ ဦးရှိပြီး လပေါင်းများစွာ အောင်မြင်အောင်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် သောကြာနေ့က ပထမဆုံးအဖြစ် နှစ်ဦးသေဆုံးခဲ့သည်။

လက်ရှိကူးစက်မှုလှိုင်းသည် မတ်လအတွင်းက တိုက်ဖျက်ခဲ့သော ရောဂါကူးစက်မှုဒုတိယလှိုင်းနဲ့မတူညီကြောင်း နှင့် နိုင်ငံအတွင်းရှိ ပြည်နယ်နှင့်မြို့ကြီးတိုင်း အန္တရာယ်ရှိသည်ဟု ဝန်ကြီးချုပ် Nguyen Xuan Phuc က ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။ ဒါနန်းမြို့မှ လေယာဉ်အဝင်အထွက်ခရီးစဉ်များအားလုံးကို ၁၅ ရက်ဆိုင်းငံ့ကြောင်းလည်း အင်္ဂါနေ့က ကြေညာခဲ့သည်။ ဒါနန်းတွင် ရောက်ရှိနေသည့် ခရီးသည်ပေါင်း ၁၈ ၀၀၀ ဦးကိုလည်း ဟိုချီမင်းမြို့သို့ ပြန်ပို့ပြီးကြောင်း အာဏာပိုင်များက ပြောသည်။ လူအများအပြားစုဝေးခြင်းကိုလည်း တားမြစ်ထားပြီး ထောင်ပေါင်းများစွာသော ပြည်တွင်းခရီးသွားများကိုလည်း အာဏာပိုင်များထံ သတင်းပို့ရန် တိုက်တွန်းထားသည်။

သောကြာနေ့ သန်းခေါင်ယံမှစတင်ကာ ဘားဆိုင်၊ နိုက်ကလပ်၊ လမ်းဘေးဆိုင်နှင့် ကာရာအိုကေဆိုင်များကိုလည်း ပိတ်ခိုင်းထားသည်။

ဟနွိုင်းအာဏာပိုင်များသည် စားသောက်ဆိုင်များနှင့်စူပါမားကတ်များကို ဆက်လက်ဖွင့်ခိုင်းသော်လည်း လူမှုအကွာအဝေးသတ်မှတ်ချက်များလိုက်နာရမည်ဟု သောကြာနေ့နှောင်းပိုင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly