မွန်ပြည်နယ်တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်သစ်၌ ဂျပန်ရင်းနှီးမြုပ်နှံမှုကို ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်

မွန်ပြည်နယ်တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်သစ်၌ ဂျပန်ရင်းနှီးမြုပ်နှံမှုကို ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်

ဇူလိုင် ၃၀

အလုပ်အကိုင်များ ဖန်တီးနိုင်ရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို အားပေးမြှင့်တင်နိုင်ရန် အရှေ့ပိုင်း မွန်ပြည်နယ်တွင် အထူးစီးပွားရေးဇုန်သစ်အား အစိုးရက တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

“အလုပ်အကိုင်တွေ ဖန်တီးနိုင်ရေးဟာ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ အခရာအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။”ဟု အွန်လိုင်းရင်းနှီးမြုပ်နှံမှုဖိုရမ်တစ်ရပ်က ဗီဒီယိုကွန်ဖရင့်၌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အဆိုပါ ဖိုရမ်သို့ Japan Business Federation သို့မဟုတ် Keidanren တို့ကဲ့သို့ ဂျပန်အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

အိန္ဒိယသမုဒ္ဒရာ ကမ်းခြေရှိ မွန်ပြည်နယ်တွင် ပင်လယ်ဆိပ်ကမ်းတစ်ခုနှင့် စက်မှုဥယျာဉ်တို့ တည်ဆောက်သွားရေးကို အစိုးရက စီစဉ်ထားသည်။ ထိုင်းနှင့် ဗီယက်နမ်တို့ကို ချိတ်ဆက်မည့် စီစဉ်ထားသော အမြန်လမ်းမကြီးမှာလည်း မွန်ပြည်နယ်ကို ဖြတ်သန်းမည် ဖြစ်သည်။

အဆိုပါ ကွန်ဖရင့်တွင် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်ဆံမှု ဝန်ကြီး ဦးသောင်းထွန်းက “ဒီ စီးပွားရေးဇုန်သစ်ဟာ မြန်မာနိုင်ငံထဲက ဘယ် စီးပွားရေးဇုန် မဆိုထက် ပိုကြီးပိုကောင်းမွန်မှာ ဖြစ်တယ်။”ဟု ပြောသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရေးအတွက် မျှော်လင့်လျက် ရှိပြီး ဂျပန်သည် အဓိက ရင်းနှီးမြုပ်နှံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဂျပန်၏ ရင်းနှီးမြုပ်နှံမှုသည် ၂၀၁၁ မှ လက်ရှိအထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် ရှိသည်ဟု မြန်မာနိုင်ငံအစိုးရအရ သိရသည်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်သွယ်ကွင်းဆက်ကို ပြန်လည်သုံးသပ်ရမယ့် လှုပ်ရှားမှု အရွေ့တွေ ရှိလာလိမ့်မယ်။ စက်ရုံတွေ နေရာရွှေ့ပြောင်းရာမှာ  မြန်မာနိုင်ငံဟာ ပိုမိုဆွဲဆောင်နိုင်မှု ရှိလာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။”ဟု Keidanren မှ ဂျပန်-မြန်မာ စီးပွားရေးကော်မတီ ဥက္ကဌ ကန်ကိုဘာယာရှီက ပြောသည်။

လက်ရှိ၌ မြန်မာနိုင်ငံတွင် ဖော်ဆောင်ဆဲ အထူးစီးပွားရေးဇုန် သုံးခုရှိရာတွင် ဂျပန်နှင့် ပူးပေါင်းလုပ်ဆောင်သော သီလဝါစီးပွားရေးဇုန်တစ်ခုတည်းသာ လည်ပတ်နေသည်။ တည်ဆောက်ရေးများ မစတင်ရသေးသောလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တရုတ်နှင့် ပူးပေါင်းတည်ဆောက်မည်ဖြစ်သည်။

ရန်ကုန်အနောက်ပိုင်းတွင်လည်း စက်မှုဥယျာဉ်သစ်တစ်ခု တည်ဆောက်မည်ဖြစ်ပြီး တင်ဒါလုပ်ငန်းစဉ်များကို မကြာမီ စတင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ထိုစက်မှုဥယျဉ်ကို တရုတ်က အစပျိုးသည် ဖြစ်နိုင်သော်လည်း မြန်မာက ယင်းစီမံကိန်းတွင် ဂျပန်ကုမ္ပဏီများကို ပါဝင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly