၂၀၁၅ ရွေးကောက်ပွဲဆီက သင်ခန်းစာများ

၂၀၁၅ ရွေးကောက်ပွဲဆီက သင်ခန်းစာများ

"အသက် ၃၀ နှစ်အောက် လူငယ်များစကားဝိုင်း"

"၂၀၁၅ ရွေးကောက်ပွဲဆီက သင်ခန်းစာများ" ဆိုတဲ့အကြောင်းအရာ ဆွေးနွေးမှုကို ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးမှုမှာ -

Yangon Youth Network မှ မသဉ္ဇာရွှန်းလဲ့ရည်
မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ကိုသန့်ဇင်ထွန်း
ဖန်တီးအိမ်အဖွဲ့က မနန္ဒာထွဋ်
Search for Common Ground အဖွဲ့က ဘော်စကို စောသူရအောင်

စတဲ့ လူငယ်တွေက ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့တွေ့ကြုံရင်ဆိုင်ခဲ့ရတာတွေ၊ သင်ခန်းစာယူခဲ့ရတာတွေ၊ အစီရင်ခံစာမှာတွေ့ရှိချက်တွေ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ထည့်သွင်းစဉ်းစားပေးဖို့လိုအပ်တာတွေကို ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပတော့မှာဆိုတော့ သိပ်မလိုတော့ပါဘူး။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောကြားခဲ့လို့ ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲက ကိုယ့်အတွေ့အကြုံတွေကိုလည်း ပြောကြားခဲ့လို့ရပါတယ်။ ဆွေးနွေးမှုကို Mizzima TV channel မှာလည်း ထုတ်လွှင့်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly