စိုင်းအောင်မျိုး 'ရှမ်းနီတွေက ရှမ်းနီမြေကို ရင်းပြီးတော့ လွတ်လပ်ရေးအတွက်ပေးဆပ်ခဲ့တာ'

စိုင်းအောင်မျိုး 'ရှမ်းနီတွေက ရှမ်းနီမြေကို ရင်းပြီးတော့ လွတ်လပ်ရေးအတွက်ပေးဆပ်ခဲ့တာ'

မဇ္ဈိမ

ပြီးခဲ့သည့် ဇူလိုင် ၆ ရက်က ရှမ်းနီလူငယ် ကျောင်းသား နှစ်ဦး ပျောက်ဆုံးသွားခဲ့သည်။ဇူလိုင် ၂၂ ရက်နေ့မှာ တော့ ကချင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် (KIA)က မိမိတို့ တပ်ဖွဲ့ဝင်များကြောင့် သေဆုံးသွားခဲ့သည်ဟု မိသားစုထံ အကြောင်းကြားခဲ့သည်။

ထို့နောက် ရှမ်းနီ တိုင်းရင်းသား အဖွဲ့အစည်းများက ကန့်ကွက် ရှုံ့ချမှုများ အသီးသီး ထုတ်ပြန်ခဲ့ကြသလို တာဝန်ယူ တာဝန်ခံမှု ရှိစွာ ဖြေရှင်းပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ တစ်ဖက်မှာလည်း လူမျိုးရေး ပဋိပက္ခ များ ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။

ကချင်ပြည်နယ်တွင် ရှမ်းနီ လူမျိုးများနှင့် တခြားသော လူမျိုးစုများသည် အတူယှဉ်တွဲနေထိုင်နိုင်ရေး ဘယ်လို တည်ဆောက်ကြမလဲ၊ တန်းတူညီမျှရှိသော ဖက်ဒရယ်ပြည်ထောင်စု ဘယ်လို တည်ဆောက်ကြမလဲဆိုခြင်း အပေါ်မှာလည်း မေးခွန်းများရှိလာသည်။

ထို့ကြောင့် ရှမ်းနီလူငယ်ကွန်ရက်(ကချင်ပြည်နယ်)တာဝန်ခံ စိုင်းအောင်မျိုးကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ ဆက်သွယ်မေးမြန်းထားပါသည်။
#Mizzima
#Mizzima Exclusive

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly