အစိုးရ ဈေးပြိုင်တင်ဒါများမှ တရုတ်ကုမ္ပဏီများကို အိန္ဒိယ ကန့်သတ်

အစိုးရ ဈေးပြိုင်တင်ဒါများမှ တရုတ်ကုမ္ပဏီများကို အိန္ဒိယ ကန့်သတ်

ဇူလိုင် ၃၀ ၊၂၀၂၀

အစိုးရထံသို့ ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်သွင်းနိုင်ရေး ကြိုးပမ်းသည့် တရုတ်ကုမ္ပဏီများအား အိန္ဒိယက စည်းမျဉ်းကန့်သတ်ချက်များ တင်းကြပ်လိုက်သည်။

ဟိမဝန္တာ နယ်စပ်ပဋိပက္ခနှင့် ပတ်သက်ပြီး ပေကျင်းအား အိန္ဒိယက စီးပွားရေးအားဖြင့် ထပ်မံ လက်တုံ့ပြန်လိုက်ခြင်းပဲ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဈေးပြိုင်တင်ဒါ ခေါ်ယူခြင်း စည်းမျဉ်းများကို ပြန်လည်သုံးသပ်ကာ ယခုတွင် အိန္ဒိယအစိုးရထံ ကုန်စည်နှင့် ဝန်ဆောင်မှုများ ပေးသွင်းမည့် နယ်စပ်ထိစပ်နေသော နိုင်ငံများမှ လုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များထံတွင် မှတ်ပုံတင်ရမည် ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ ခွင့်ပြုချက် ရမှသာ ဈေးပြိုင်တင်ဒါ လျှောက်ထားနိုင်ကြမည် ဖြစ်သည်။

ထို စည်းမျဉ်းကန့်သတ်ချက်သည် ပြည်နယ်အစိုးရများ၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များ နှင့် အများပိုင် ပုဂ္ဂလိက စီးပွားရေးဖက်စပ်လုပ်ငန်းများ အပါအဝင် အစိုးရကဏ္ဍ စီးပွားရေးလုပ်ငန်းများပေါ် သက်ရောက်အကျုံးဝင်မည် ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် တရုတ်၊ နီပေါ၊ ဘူတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့နှင့် နယ်စပ် ထိစပ်နေသော်လည်း ချွင်းချက်အားဖြင့် ကန့်သတ် စည်းမျဉ်းစည်းကမ်း တော်တော်များများသည် တရုတ်နှင့် ပါကစ္စတန်အပေါ် သက်ရောက်မည်ဖြစ်ပြီး အဓိကမှာ အစိုးရ၏ ဈေးပြိုင်တင်ဒါများတွင် ပါဝင်မည့် တရုတ်ကုမ္ပဏီများအနေဖြင့် ကန့်သတ်တင်းကြပ်ခံရမည် ဖြစ်သည်။

ယခုကဲ့သို့ ကန့်သတ်ချက်များ တင်းကြပ်ရခြင်းသည် နိုင်ငံ၏ ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေး ခိုင်မာတောင့်တင်းရန် ရည်ရွယ်သ်ညဟု အိန္ဒိယက ဆိုသည်။ အမှန်ဖြစ်နိုင်သော ရည်ရွယ်ချက်က အိန္ဒိယ၏ အများပိုင် ကဏ္ဍတစ်ခုလုံးမှ တရုတ်ကုမ္ပဏီများကို ဖယ်ရှားရန် ဖြစ်သည်။

ဇွန်လလယ်က နယ်စပ်တစ်လျှောက် နှစ်ဖက်စစ်သားများ ခိုက်ရန် ဖြစ်ကြအပြီး အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ပြီးနောက် နိုင်ငံတွင်းက တရုတ်ကုမ္ပဏီများကို နှိပ်ကွပ်လာသည့် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly