ပိတ်ထားဆဲပုဂံဘုရားတွေမှာ လာရောက်ဖူးမျှော်သူတွေ ရှိနေ၊ ထပ်မံတားဆီးပိတ်ပင်မယ်

ပိတ်ထားဆဲပုဂံဘုရားတွေမှာ လာရောက်ဖူးမျှော်သူတွေ ရှိနေ၊ ထပ်မံတားဆီးပိတ်ပင်မယ်

ပုဂံဒေသမှာရှိတဲ့ စေတီ ပုထိုး ဘုရားတွေကို ကိုဗစ်ကာကွယ်ရေးအနေနဲ့ ပိတ်ထားခဲ့တာ ဒီနေ့အချိန်ထိဖြစ်ပါတယ်။ဒါပေမယ့် လတ်တလောမှာ ဟိုတယ်တွေဖွင့်ခွင့်ပေးတာ ခရီးသွားလာခွင့်တွေ ပေးထားတာကြောင့် ပုဂံဒေသကို ဘုရားဖူးသူတွေနဲ့ လာရောက်လည်ပတ်သူတွေရှိနေတာပါ။ တရားဝင် ဘုရားဖူးခွင့် ပြုမထားပေမယ့် လာရောက်ဖူးမြော်နေတာတွေရှိနေတဲ့အတွက် ပြန်လည်ထိန်းသိမ်း ပိတ်သွားဖို့ လုပ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး လည်းဖြစ် ပုဂံရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးကော်မတီရဲ့ ဒုဥက္ကလည်းဖြစ်တဲ့ ဦးမြတ်သူကပြောပါတယ်။

ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly