ထိုင်းက လျှပ်တပြက်ဆန္ဒပြပွဲများ

30 July 2020
ထိုင်းက လျှပ်တပြက်ဆန္ဒပြပွဲများ

ကိုဗစ်ကပ်ရောဂါကာလကနေ ထိုင်းနိုင်ငံစီးပွားရေးပြန်လည်ကောင်းမွန်လာအောင် လုပ်ဖို့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ဆန္ဒပြပွဲတွေက နိုင်ငံတဝန်းဖြစ်ပေါ်နေပါတယ်။ ဆန္ဒပြသူတွေက အခြေခံဥပဒေ၊ လွှတ်တော်ကိုဖျက်သိမ်းဖို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအပေါ်ဖိနှိပ်တဲ့ လုပ်ရပ်တွေ ကိုရပ်ဆိုင်းဖို့ စတဲ့ အချက်သုံးချက်ကို တောင်းဆိုဖို့ဆန္ဒပြနေကြတာပါ။ ကိုဗစ်ကပ်ရောဂါက ကြီးမားတဲ့ လူစုလူဝေးဖွဲ့တာကို ဟန့်တားလိုက်တာကြောင့် ဒီနှစ်အစောပိုင်းမှာစုဝေးတာတွေကယာယီ ရပ်တန့်သွားခဲ့ရပါသေးတယ်။ ဒီအကြောင်း VOA သတင်းထောက် Steve Sandford က ထိုင်းနိုင်ငံချင်းမိုင်မြို့ကနေ သတင်းပေးပို့တာကို ကိုမျိုးဇင်ဆန်းကတင်ပြ ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly