စစ်ကိုင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လို့ လူဦးရေ ၅၀၀၀ကျော် ရေလွတ်ရွှေ့ပေးထား

စစ်ကိုင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လို့ လူဦးရေ ၅၀၀၀ကျော် ရေလွတ်ရွှေ့ပေးထား

စစ်ကိုင်းမြို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် အနိမ့်ပိုင်း ရပ်ကွက် ကျေးရွာတွေက အိမ်ထောင်စု ၁၁၂၁စု၊လူဦးရေ ၅၁၁၃ဦးကို ဒီကနေ့မှာ ရေလွတ်ရာ ပြောင်းရွှေ့ပေးထားရတယ်လို့ စစ်ကိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းကပြောပါတယ်။ စစ်ကိုင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၁၅၀ စင်တီမီတာဖြစ်ပါတယ်။ဒီနေ့ မနက် ၁၀နာရီမှာ စိုးရိမ်ရေမှတ်ထက် တစ်စင်တီမီတာကျော်လာတဲ့အတွက် အနိမ့်ပိုင်းရပ်ကွက် ကျေးရွာတွေကို ရေလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly