ရုပ်ရှင်ရိုက်ကူးခြင်းများ ပြန်လည် ခွင့်ပြုပြီ

ရုပ်ရှင်ရိုက်ကူးခြင်းများ ပြန်လည် ခွင့်ပြုပြီ

ဇူလိုင် ၂၈

ရုပ်ရှင်အပါအဝင်၊ ကြေညာ၊ဇာတ်လမ်းတွဲများကို တစ်ပတ်ကြိုတင်အကြောင်းကြားပြီး ရိုက်ကူးခွင့် ပြုသွား မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၇ရက်က ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က’’ ရုပ်ရှင် ကြေငြာ၊ ဇတ်လမ်းတွဲတို့ အကုန်ပါတာပေါ့။ အဲဒီမှာဘာပါလာသလဲဆိုတော့ ရိုက်ကူးမယ့်အချိန်၊နေ့ရက်၊ ပါဝင်မယ့်သူအရေအတွက် အနည်းဆုံးတစ်ပတ် ကြိုတင်အကြောင်းကြားရမယ်။ အဲဒါဆိုရင် ရိုက်လို့ရပြီ။” ဟု မဇ္ဈိမသို့ပြောသည်။

COVID-19 ကာလဖြစ်သည့်အတွက် ရိုက်ကူးရေးဆောင်ရွက်ရာတွင် ရိုက်ကွင်းတာဝန်ခံမှ ရိုက်ကူး မှုနှင့်ပတ်သက်ပြီး မှတ်တမ်းထားရှိပြီး လက်ဆေးရည်ထားခြင်း၊ နားနေရာမှာလည်း တစ်ဦးနှင့်တစ်ဦး ၆ပေစီခွာထားခြင်း၊ ဒါရိုက်တာမှာလက်ကိုင်စပီကာဖြင့် ညွှန်ကြားစေခြင်း၊ လေဝင်လေထွ က်ကောင်းသည့်နေရာများတွင် နေထိုင်စေခြင်း၊ လူအင်အားအနည်းဆုံးဖြင့်ရိုက်ကူးရန်အစရှိသည်တို့ကို လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကို  ညွှန်ကြားထားကြောင်း သိရသည်။

ရုပ်ရှင်ရိုက်ကူးလိုသူများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအစည်းအရုံးကို တစ်ပတ်ကြိုတင်အကြောင်းကြားကာ ရိုက်ကူးနိုင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရိုက်ကူးရမည်ဖြစ်သည်။

ရိုက်ကူးမှုမရှိခြင်းကြောင့် အခက်အခဲဖြစ်ပေါ်နေသည့်ရုပ်ရှင်လောကသားများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဆန်၊ဆီ၊ဆားအပါအဝင် အခြေခံစားသောက်ကုန်များ ကိုလေးကြိမ်မြောက်ထောက်ပံ့ပေးထားကြောင်း သိရသည်။

COVID-19ကာလအတွင်း ရုပ်ရှင်ရုံများပိတ်ထားရမှုကို ပြန်လည်ဖွင့်လှစ်ခွင့်ရရန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးညီညီထွန်းလွင် ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required