မြိတ်မြို့ကျောက်ဖျာမြို့သစ်စီမံကိန်းအတွက် မြေယာလျော်ကြေးကျပ်သိန်းငါးထောင်ကျော်ပေး

မြိတ်မြို့ကျောက်ဖျာမြို့သစ်စီမံကိန်းအတွက် မြေယာလျော်ကြေးကျပ်သိန်းငါးထောင်ကျော်ပေး

အရင်စစ်အစိုးရ လက်ထက်က သိမ်းဆည်းခဲ့တဲ့  မြိတ်မြို့ ကျောက်ဖျာ မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး စီမံကိန်း ဧရိယာ ၅ ထောင်ကျော်ထဲက တောင်သူ ၂၀ ဦးရဲ့ မြေဧရိယာ ၁၀၀ နီးပါးကို ဇူလိုင်လ ၂၅ ရက်နေ့က တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က မြေယာ လျှော်ကြေး/ နစ်နာကြေး ကျပ်သိန်း ၅ ထောင်ကျော်ကို ပေးအပ်ခဲ့ပါတယ်။ အဲဒီလိုမြေယာလျော်ကြေး ပေးတဲ့နေရာမှာ မြေယာ တစ်ဧကကို ကာလတန်ဖိုး အနေနဲ့ တွက်ချက် သတ်မှတ်ပြီး  တိုင်းဒေသကြီး အစိုးရက အခမ်းအနားနဲ့ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် /တင်ဆက် - ဒီမိုးသွေး(မြိတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly