အငြင်းပွား တောင်တရုတ်ပင်လယ်၌ အင်ဒိုနီးရှားက စစ်ရေးပြ

အငြင်းပွား တောင်တရုတ်ပင်လယ်၌ အင်ဒိုနီးရှားက စစ်ရေးပြ

ဇူလိုင် ၂၅

တောင်တရုတ်ပင်လယ်၌ လေးရက်တာ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံက သောကြာနေ့တွင် ပြောသည်။

ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုသည် တရုတ်၏ ရေပြင်ပိုင်နက် သူပိုင်ပြုထားခြင်းအား အင်တိုက်အားတိုက် ကန့်ကွက်သည့် ပုံလည်းရှိသည်။

အင်္ဂါနေ့ စတင်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် စစ်ရေယာဉ် ၂၄ စင်း၊ ဒုံးကျည်ဖျက်သင်္ဘော နှစ်စင်းနှင့် ကင်းလှည့် ရေယာဉ် လေးစင်းတို့ ပါဝင်ခဲ့သည်။

ထို စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှား၏ နာတူနာကျွန်းစုအနီးတွင် တစ်ချို့တစ်ဒေသ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ သူပိုင်ပြုခြင်းဖြင့် နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားနေသည့် အချိန်၌ ယခုကဲ့သို့ အင်ဒိုနီးရှားက ယင်းနယ်မြေအတွင်း စစ်ရေးလေ့ကျင့်လာခြင်းပဲ ဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly