မတ်လနောက်ပိုင်း အမြင့်ဆုံးအဖြစ် တောင်ကိုရီးယား၌ လူ ၁၁၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်

မတ်လနောက်ပိုင်း အမြင့်ဆုံးအဖြစ် တောင်ကိုရီးယား၌ လူ ၁၁၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်

ဇူလိုင် ၂၅

တောင်ကိုရီးယားနိုင်ငံတွင် စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၁၃ ဦး ရှိကြောင်း ကိုရီးယား‌ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး စင်တာ KCDC က ထုတ်ပြန်သည်။

အဆိုပါ ကူးစက်မှုနှုန်းသည် မတ်လနောက်ပိုင်း တစ်ရက်တာ ကူးစက်မှု အများဆုံး ဖြစ်ပြီး နိုင်ငံတွင် စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၄၀၉၂ ဦး ရှိခဲ့သည်။

ယခု အသစ်ကူးစက်မှုတွင် ၈၆ ဦးမှာ ပြည်ပမှ ပြန်လာသူများဖြစ်ပြီး ၂၇ ဦးက ပြည်တွင်းမှာပင် ကူးစက်သူများ ဖြစ်ကြောင်း သိရသည်။

ပြည်ပမှ ပြန်လာသူများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် သောကြာနေ့က ၁၀၀ ကျော် ရှိပြီး နိုင်ငံအတွင်း ကူးစက်မှုနှုန်းကို ပို၍ တိုးများစေသည်ဟု တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များက ပြောသည်။

စနေနေ့က လူပေါင်း ၁၁၄ ဦး ကူးစက်ခံရမှုနှုန်းထားသည် လူပေါင်း ၁၂၅ ဦး ကူးစက်ခဲ့သည့် မတ် ၃၁ ရက်နောက်ပိုင်း အမြင့်ဆုံးပဲ ဖြစ်သည်။

အီရတ်မှနေ၍ စစ်လေယာဉ်များဖြင့် တောင်ကိုရီးယားအလုပ်သမားများကို ပြန်ခေါ်နေသည့် အချိန်၌ ယခုကူးစက်မှု အများစုမှာ ရုရှသင်္ဘောတစ်စင်းပေါ်မှ ကူးစက်ခံရသူများဖြစ်သည်ဟု KCDC မှ လက်ထောက်ညွှန်ကြားရေးမှူး Kwon Jun-wook က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သောကြာနေ့က တောင်ကိုရီးယား အလုပ်သမား ၂၉၃ ဦးကို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်မားနေသော အီရတ်နိုင်ငံမှနေ၍ စစ်လေယာဉ်နှစ်စင်းဖြင့် ခေါ်ဆောင်ခဲ့ရာ သောကြာနေ့က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေချိန် တောင်ကိုရီးယားနိုင်ငံ၏ ကူးစက်မှုနှုန်းထားသည် အဓိကအားဖြင့် ပြည်ပမှ ပြန်လာကြသူများတွင် ဖြစ်သည်။

စုစုပေါင်း ကူးစက်မှု၏ ၁၅ ရာခိုင်နှုန်းကျော်သည် ပြည်ပမှ ပြန်လာကြသော တောင်ကိုရီးယားနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly