စစ်တပ်နှင့် ဆက်နွယ်သည် သံသယဖြင့် တရုတ်ဗီဇာကိုင်ဆောင်သူများကို FBI စစ်ဆေး

စစ်တပ်နှင့် ဆက်နွယ်သည် သံသယဖြင့် တရုတ်ဗီဇာကိုင်ဆောင်သူများကို FBI စစ်ဆေး

ဇူလိုင် ၂၄

ဆက်နွယ်ပတ်သက်သည့် တရုတ်စစ်တပ်အဖွဲ့ဝင်များကို ဖုံးကွယ်ထားသည် သံသယဖြင့် အမေရိကန် FBI သည် မြို့ပေါင်း ၂၅ မြို့ကျော်တွင် တရုတ်ဗီဇာ ကိုင်ဆောင်ထားသူများကို ခေါ်ယူစစ်မေးခဲ့ကြောင်း တရားရေး ဝန်ကြီးဌာနက ပြောသည်။

တရုတ်-အမေရိကန် ဆက်ဆံရေး နှစ် ၄၀ ကျော်အတွင်း အမေရိကန်၏ အသိဉာဏ်ပစ္စည်းများကို ခိုးယူမှုအား အကြီးမားဆုံး ဖြိုခွင်းမှုဖြင့် အကဲဖြတ်များ သတ်မှတ်ပြောဆိုသော လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းအရလည်း ဖြစ်သည်။

တရားရေးဝန်ကြီးဌာန၏ ယခု ကြေညာချက်သည် ဟူစတန်က တရုတ်ကောင်စစ်ဝန်ရုံးကို သောကြာနေ့ နောက်ဆုံး ပိတ်သိမ်းရန် ထရမ့်အစိုးရက အမိန့်ပေးပြီးနောက် ကမ္ဘာ့စီးပွားရေး အကြီးဆုံးနှစ်နိုင်ငံကြား ကြီးထွားနေ သော တင်းမာမှုများကို နောက်ထပ် လောင်စာလောင်းလိုက်ခြင်း ဖြစ်နိုင်သည်။

တရုတ်သည် ကမ္ဘာ့ဦးဆောင် စီးပွားရေးနှင့် စစ်ရေးအင်အားတွင် အမေရိကန်၏ နေရာ၌ အစားထိုးဝင်ရောက်ရန် မဟာဗျူဟာဖြင့် အမေရိကန်၏ နည်းပညာများ၊ စစ်ရေးနှင့် အခြား အသိဉာဏ်ပိုင်ဆိုင်မှုများကို ဆိုင်ဘာ စစ်ဆင်ရေးများ၊ သူလျှိုဖောက်ထွင်းခြင်းများဖြင့် ခိုးယူနေသည်ဟု ထရမ့်အစိုးရက စွဲချက်တင်ထားသည်။

စွပ်စွဲချက်များအား တရုတ်က ငြင်းဆန်ထားသည်။

အမေရိကန်မြို့ ၂၅ မြို့ထက်မနည်းတွင် တရုတ်စစ်တပ်နှင့် ဆက်နွယ်သည်ဟု ကြေညာထားခံရသော သံသယရှိ တရုတ်ဗီဇာကိုင်ဆောင်သူများကို မကြာသေးမီက FBI က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု တရားရေး ဝန်ကြီးဌာနက ပြောသည်။

“တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ် PLA က အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ PLA နဲ့ အမှန်ဆက်နွယ်ပတ်သက်မှုကို ဖုံးကွယ်ပြီး သုတေသနဗီဇာအတွက် လျှောက်ထားခဲ့ကြတယ်။”ဟု လက်ထောက်ရှေ့နေချုပ် ဂျွန်ဒီးမားက ထုတ်ပြန်ချက်၌ ဆိုထားသည်။

“ဒါဟာ ကျွန်တော်တို့ရဲ့ ပွင့်လင်းတဲ့ လူမှုအသိုင်းအဝိုင်းအပေါ် အကျိုးအမြတ်ထုတ်ပြီး ပညာတတ်အဖွဲ့အစည်းတွေကို အမြတ်ထုတ်ဖို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

တရုတ်သံရုံးကမူ ထင်မြင်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly