အသက် ၅၁ နှစ်ရှိ ရွိုင်းဂျုံးစ်နဲ့ ထိုးသတ်ဖို့ အသက် ၅၄ နှစ်အရွယ်မှာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လာမယ့် မိုက်တိုင်ဆန်

အသက် ၅၁ နှစ်ရှိ ရွိုင်းဂျုံးစ်နဲ့ ထိုးသတ်ဖို့ အသက် ၅၄ နှစ်အရွယ်မှာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လာမယ့် မိုက်တိုင်ဆန်

၂၀၀၅ ခုနှစ်က လက်ဝှေ့ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်သူ မိုက်တိုင်ဆန်က အသက် ၅၄ နှစ်မှာ ကြိုးဝိုင်းထဲပြန်ဝင်လာမှာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်၊ လော့စ်အိန်ဂျလစ်မှာ ရွိုင်ဂျုံးစ် ဂျူနီယာနဲ့ ထိုးသတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

တိုင်ဆန်က၂၀၁၇ နဲ့ ၂၀၁၈ တို့မှာ ကမ္ဘာ့ချန်ပီယံဝိတ်တန်း ၄ ခုမှာ အနိုင်ရခဲ့ပြီး ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၇၅ ပွဲ ထိုးသတ်ခဲ့တဲ့ အသက် ၅၁ နှစ်ရှိ ဂျုံးစ်နဲ့ ထိုးသတ်မှာဖြစ်တယ်လို့ On his Legends Only League ဝက်ဘ်ဆိုက်မှာ ကြေညာခဲ့တာပါ။

"ဒါဟာ အံ့သြစရာကောင်းမှာပါ။"လို့ တိုင်ဆန်က ပြောပါတယ်။

တိုင်ဆန်နဲ့ ဂျုံးစ်တို့ဟာ အမေရိကန်လက်ဝှေ့ရဲ့ ဂန္တဝင်တွေဖြစ်ပြီး ထိုးသတ်သွားမယ့်ပွဲအတွက် လက်ဝှေ့ဦးထုပ်နဲ့ ပိုကြီးတဲ့ လက်အိတ်တွေကို အသုံးပြုမယ်လို့ မျှော်လင့်ရပါတယ်။

ဂျုံးစ်က "ကျနော်နဲ့ မိုက်တိုင်ဆန်အကြား ထိုးသတ်မယ့် ဒီပွဲဟာ ဖြစ်လာမယ်ဆိုတော့ ပျော်ရွှင်ပါတယ်။ ကျနော် အမြဲတမ်း အဆင်သင့်ဖြစ်နေပြီး ဒီတစ်ကြိမ်းလည်း အဆင်သင့်ပါပဲ။"လို့ လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။

EFE သတင်းအေဂျင်စီကတော့ တိုင်ဆန်နဲ့ ဂျုံးစ်တို့ရဲ့ ထိုးသတ်ပွဲဟာ သရုပ်ပြထိုးသတ်ပွဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref; AFP, ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly