ဆန်းသစ်သည့်ဒီဇိုင်းနှင့် 5000 mAh battery ပါဝင်သည့် realme C11 ကို ဈေးနှုန်း ၁၄၉,၉ဝဝ ကျပ်ဖြင့်စတင်ရောင်းချ

ဆန်းသစ်သည့်ဒီဇိုင်းနှင့် 5000 mAh battery ပါဝင်သည့် realme C11 ကို ဈေးနှုန်း ၁၄၉,၉ဝဝ ကျပ်ဖြင့်စတင်ရောင်းချ

realme Myanmar က ထုတ်ကုန်သစ်များဖြစ်ကြသည့် realme C11 နှင့် realme Buds Q တို့ ဇူလိုင်လ (၂၃) ရက်တွင် Online Launch Event အဖြစ်တရားဝင်မိတ်ဆက်ပေးသွားခဲ့ပြီး အဆိုပါမိတ်ဆက်ပွဲအခမ်းအနားတွင် အနုပညာရှင်များဖြစ်ကြသည့် သရုပ်ဆောင် ကောင်းမြတ်စံနှင့် အဆိုတော် မေ တို့က ပါဝင်တင်ဆက်ပေးသွားခဲ့သည်။ realme C11 စမတ်ဖုန်းသစ်ကို RAM 2GB နှင့် ROM 32GB version တစ်မျိုးတည်းကိုသာ ဈေးနှုန်း ၁၄၉,၉ဝဝ ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး Mint Green နှင့် Pepper Grey ၂ရောင်ကိုရွေးချယ်နိုင်မည်ဖြစ်သည်။ အသံထွက်အရည်အသွေးအထူးကောင်းမွန်သည့် realme Buds Q ကြိုးမဲ့နားကြပ်ကို ဈေးနှုန်း ၃၄,၉ဝဝ ကျပ်သတ်မှတ်ထားပြီး လာမည့်သြဂုတ်လအတွင်း ရောင်းချပေးသွားရန်စီစဉ်ထားသည်။

realme C11 မှာ ယခင် realme C2 ကိုအဆင့်မြှင့်တင်ထုတ်လုပ်လိုက်ခြင်းဖြစ်ပြီး ထူးခြားဆန်းသစ်ပြီး ခေတ်ဆန်သော Geometric Design ကိုအခြေခံဖန်တီးထားခြင်းဖြစ်သည်။ နောက်ကျော်ဘက်တွင် ယခင်နှင့်မတူ သည့် realme Logo ကို ပိုမိုကြီးမားထင်ရှားစွာတွေ့မြင်ရမည်ဖြစ်သလို လေးထောင့်ဆန်သည့် Camera အိမ်ကိုပါစတင်အသုံးပြုပေးထားသည်။ ကြီးမားသည့် 6.5-inch HD Display က Multimedia အသုံးပြုမှုနှင့် ဂိမ်းကစားခြင်းတို့အတွက် ပိုမိုကျယ်ဝန်းသည့် မြင်ကွင်းမျိုးကိုရရှိစေမည့်အပြင် အဆင့်မြှင့်တင်ပေးလိုက်သည့် Helio G35 CPU ကြောင့်လည်း ပိုမိုသွက်လက်သည့်ဂိမ်းကစားခြင်း အတွေ့အကြုံကိုရရှိစေမည်  ဖြစ်သည်။

ရက်ပေါင်း ၄၀ကြာအထိ Stand-by ထားလို့ရမည့် 5000 mAh battery ကြောင့် ပုံမှန်အသုံးပြုမည်ဆိုပါက ၂ရက်ခန့်အထိ ကောင်းမွန်စွာအသုံးပြုနိုင်မည်ဖြစ်သည်။ လူကြိုက်များသည့် PUBG ဂိမ်းကစားမည်ဆိုပါက ပွဲပေါင်း ၂၀ခန့်အထိ ဆော့ကစားနိုင်မည်ဖြစ်သည်။ နောက်ဘက်ကင်မရာအတွက် Super Nightscape ပါဝင်သည့် 13MP+2MP ကင်မရာစနစ်ကိုအသုံးပြုပေးထားပြီး အလင်းရောင်နည်းသည့်အချိန်များတွင် Super Nightscape ၏အကူအညီဖြင့် ကြည်လင်လှပသောပုံများကို ရယူရိုက်ကူးနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ C series ထုတ်ကုန်များတွင် Super Nightscape စနစ်ကို realme C11 တွင်ပထမဆုံး ထည့်သွင်းပေးလိုက်ခြင်း လည်းဖြစ်သည်။ ရှေ့ဘက် Selfie ကင်မရာအတွက် ပိုမိုကောင်းမွန်သည့် AI စနစ်များနှင့်အတူ 5MP sensor ကိုအသုံးပြုပေးထားပြီး Full HD video recording နှင့် Pano-selfie များကိုပါ ရိုက်ယူနိုင်စေမည်ဖြစ်သည်။

reamle AIoT ထုတ်ကုန်သစ်တစ်ခုဖြစ်သည့် realme Buds Q တွင် 10mm Base Boost Driver ကိုအသုံးပြုပေးထားပြီး မတူညီသည့် Music အမျိုးအစားများအတွက် Triple သံနှင့် Bass သံများကို ကြည်လင်ပြတ်  သားစွာနားထောင်နိုင်မည်ဖြစ်သည်။ ပေါ့ပါးကျစ်လျစ်သည့် ဘဲဥပုံစံကျောက်စရစ်ခဲဒီဇိုင်းလေးကို ပြင်သစ်ဒီဇိုင်းပညာရှင် ဂျိုဆေးလေဗီက ဖန်တီးပေးထားခြင်းဖြစ်ပြီး အလေးချိန်မှာ 35.4g သာရှိမည်ဖြစ်သည်။ Earphone ကို Single Play-back အဖြစ်သုံးပါက ၄နာရီခွဲ ဝန်းကျင်အထိအသုံးပြုနိုင်ပြီး ၎င်း၏ Charging Case နှင့်တွဲဖက်အသုံးပြုပါက စုစုပေါင်း နာရီ ၂ဝ ကြာအထိခံစေမည်ဖြစ်သည်။ realme Buds Q တွင် Low Latency အဖြစ်အသုံးပြုနိုင်မည့် Gaming Mode ပါဝင်သလို Intelligent Touch Control စနစ်ကြောင့် နားတစ်ဖက်တစ်ချက်ဆီက Eearphone piece များကို တစ်ချက်ထိ၊ နှစ်ချက်ထိ၊ ခပ်ကြာကြာဖိထားသည့်စနစ်ဖြင့် သီချင်းဖွင့် ခြင်း၊ သီချင်းရပ်ခြင်း၊ နောက်ထပ်သီချင်တစ်ပုဒ်ကျော်ခြင်း၊ ယခင်သီချင်းဆီပြန်သွားခြင်း၊ ဖုန်း အဝင်လက်ခံခြင်း၊ ဖုန်းချခြင်းများကို လိုအပ်သလို မိမိစိတ်တိုင်းကျပြောင်းလဲသတ်မှတ် အသုံးပြုနိုင်စေမည် ဖြစ်သည်။ realme Buds Q အတွက် အနက်ရောင်အပြင် အဖြူရောင်နှင့် အဝါရောင်တို့ကိုလည်း တင်သွင်းရောင်းချပေးသွားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly