NLD ပါတီ၏ ဝက်ဆိုဒ်ကို ပြန်လည်ပြုပြင်နေပြီး ယနေ့နေ့လည်ပြန်ရမည်ဟုဆို

NLD ပါတီ၏ ဝက်ဆိုဒ်ကို ပြန်လည်ပြုပြင်နေပြီး ယနေ့နေ့လည်ပြန်ရမည်ဟုဆို

ဇူလိုင် ၂၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီ၏ ဝက်ဆိုဒ်ကို ပြန်လည်ပြုပြင်နေပြီး ဇူလိုင်လ ၂၃ရက် နေ့လည် ၂နာရီမှ ၄နာရီအတွင်း ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း NLD ပါတီဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး မုံရွာဦးအောင်ရှင်ကပြောသည်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏   ၂၀၂၀ ကိုယ်စားလှယ်လောင်းစာရင်းကို NLDဝက်ဆိုဒ်က ဇူလိုင်လ ၂၃ရက် နေ့လည် ၂နာရီမှာ Live လွှင့်ပြီး ကြောညာပေးသွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည့် နောက်ပိုင်းတွင် ဝက်ဆိုဒ်မှာ ကြည့်ရှုသူများသည့် အတွက် ဝက်ဆိုဒ်အသုံးပြု၍ မရကြောင်း ပါတီတာဝန်ရှိသူတွေက ပြောသည်။

NLD ပါတီဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က “ ဝက်ဆိုဒ်ကို ခုကတော့ ပြင်နေတုန်းပဲ ရှိပါသေးတယ်။ ရမှာပါ။ ပထမက ဝက်ဆိုဒ်က နှစ်သိန်းကျော်ရင် ကြည့်လို့မရဘူး။ အခုက ငါးသိန်းနီးပါးကြည့် လို့ရအောင် ပြန်လုပ်ထားတယ်။ နှစ်သိန်းကျော်သွားတဲ့အတွက် error တက်သွားတယ်။ ဒီနေ့ ၂နာရီနဲ့ ၄နာရီ ကြားမှာ ပြန်ရမယ်လို့တော့ ပြောပါတယ်” ဟု မဇ္ဈိမသို့ပြောသည်။

လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ NLD ပါတီ၏ ဝက်ဆိုဒ်အသုံးပြုမရတော့ခြင်းမှာ ဟက်ကာများက ဟက်တာဆိုသည့် ကောလဟလ သတင်းတွေထွက်ပေါ်နေပြီး အဆိုပါ သတင်းအပေါ်မဟုတ်မှန်ကြောင်း မုံရွာဦးအောင်ရှင်က ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly