ဆုချီးမြှင့်ခံရသည့် ယူရိုတစ်သန်းအား သဘာဝပတ်ဝန်းကျင်အဖွဲ့များသို့ ဂရီတာသန်းဘတ် လှူဒါန်း

ဆုချီးမြှင့်ခံရသည့် ယူရိုတစ်သန်းအား သဘာဝပတ်ဝန်းကျင်အဖွဲ့များသို့ ဂရီတာသန်းဘတ် လှူဒါန်း

ဇူလိုင် ၂၁

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဂရီတာသန်းဘတ်သည် ပေါ်တူဂီ ဆုတစ်ဆုအား အင်္ဂါနေ့က ချီးမြှင့်ခံရပြီး ယင်း ဆုကြေးငွေ ယူရိုတစ်သန်းအား သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ရာသီဥတုပြောင်း လဲမှု ရပ်တန့်ရေးတို့အတွက် လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့များသို့ လှူဒါန်းဖြစ်စေခဲ့သည်။

“အခု ပိုက်ဆံဟာ ကျွန်မ စိတ်ကူးနိုင်တာထက်တောင် ပိုများပါတယ်။ ဒါပေမယ့် ဒီ ဆုငွေအားလုံးကို ကျွန်မရဲ့ ဖောင်ဒေးရှင်းကနေတစ်ဆင့် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှု ကပ်ဘေးနဲ့ ဂေဟစနစ်ကပ် ဘေးတို့ သက်ရောက်မှုမှာ ရှေ့တန်းကနေ လူတွေကို အကူအညီ ပေးနေတဲ့ အမျိုးမျိုးသော အဖွဲ့အစည်းတွေ၊ စီမံကိန်းတွေဆီ လှူဒန်းသွားမှာ ဖြစ်ပါတယ်။”ဟု ဂရီတာသန်းဘတ်က ပြောသည်။

ရာသီဥတု‌ပြောင်းလဲမှုဆိုင်ရာ အရေးတွင် လူငယ်မျိုးဆက်များကို စည်းရုံးနိုင်ခြင်းနှင့် ယင်းအရေးတွင် တစ်စိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်ခြင်းတို့အတွက် ၎င်းအား Gulbenkian Prize for Humanity ဆုအား ချီးမြှင့် ရခြင်း ဖြစ်ကြောင်း ဆုပေးရေး ဂျူရီအဖွဲ့ သဘာပတိ ဂျော်ဂျီဆမ်ပိုင်ယိုက ပြောသည်။

ဆုငွေ၏ ပထမ ယူရို တစ်သိန်းကို အမေဇုံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား ကိုင်တွယ်ဖြေရှင်းနေသည့် Fridays For Future Brazil အဖွဲ့မှ ဦးဆောင်သော SOS Amazonia လှုပ်ရှားမှုသို့ လှူဒါန်းသွားမည် ဖြစ်သည်။

နောက်ထပ် ယူရိုတစ်သိန်းကို ဂေဟစနစ် ပျက်စီးမှုကို နိုင်ငံတကာရာဇဝတ်မှုအဖြစ် ဖော်ဆောင်နေသော Stop Exocied Foundation သို့ လှူဒါန်းသွားမည်ဟု သန်းဘတ်က တွစ်တာတွင် ရေးသားသည်။

ယခု ရရှိသော ယူရိုတစ်သန်း ဆုငွေသည် အသက် ၁၇ နှစ်အရွယ် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ဂရီတာသန်းဘတ်အတွက် အများဆုံး ဆုငွေလည်း ဖြစ်သည်။

သန်းဘတ်သည် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့၏ ထိပ်တန်းဆုဖြစ်သော လူ့အခွင့်အရေး ဆုနှင့် Swedish Right Livelihood Award တို့ကိုလည်း ချီးမြှင့်ခံထားရပြီး နိုဘယ်ဆုအတွက်ပင် တစ်ပြေးလျက် ရှိသည်။

ယခု ဆုအား လက်ခံရရှိသည့်အတွက် အလွန်ပဲ ဂုဏ်ယူကြောင်း သန်းဘတ်က တနင်္လာနေ့တွင် ပြောခဲ့သည်။

သန်းဘတ်နှင့် အခြား ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ လူငယ် သုံးဦးတို့က သိပ္ပံပညာရှင်နှင့် နာမည်ကျော်ကြားသူ ၁၅၀ လက်မှတ်ထိုးထားသော စာတစ်စောင်တွင် ရာသီဥတုအရေးပေါ် အစီအစဉ်အတွက် အီးယူခေါင်း ဆောင်များကို မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly