Petro and trans လျှပ်စစ် ကုမ္ပဏီက မြိတ်မြို့မှာ မီးတစ်ယူနှစ်ကို ၂၉၂ ကျပ်နှုန်းနဲ့ ဖြန့်ဖြူးရန် လွှဲပြောင်း ရယူ

19 July 2020
Petro and trans လျှပ်စစ် ကုမ္ပဏီက မြိတ်မြို့မှာ မီးတစ်ယူနှစ်ကို ၂၉၂ ကျပ်နှုန်းနဲ့ ဖြန့်ဖြူးရန် လွှဲပြောင်း ရယူ

တိုင်းဒေသကြီး အစိုးရဆီမှာ တင်ဒါအောင်မြင်ထားတဲ့ Petro and trans ကုမ္ပဏီက ဇူလိုင်လ ၁၉ ရက်နေ့မှာ မြိတ်မြို့နယ်ကို လျှပ်စစ်မီး စတင် ဖြန့်ဖြူးပေးဖို့ မြိတ်စိမ်းလန်း စွမ်းအင်ကုမ္ပဏီကနေ တဆင့် လွှဲပြောင်း ရယူတော့မှာ ဖြစ်ပါတယ်။ အဆိုပါ Petro and trans ကုမ္ပဏီ အနေနဲ့ လက်ရှိမှာ လျှပ်စစ်မီးကို အချိန်မှီ ဖြန့်ဖြူးပေးနိုင်ဖို့ အတွက် မြေနေရာနဲ့ မီးစက် တည်နေရာကို အချိန်နဲ့ တပြေးညီ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး လျှပ်စစ်မီး တစ်ယူနစ်ကို ၂၉၂ ကျပ်နှုန်းနဲ့ ကောက်ခံသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီဖက်က တာဝန်ရှိသူတွေ ပြောပါတယ်။

ရိုက်ကူး/တည်းဖြတ်/တင်ဆက် - ဒီမိုးသွေး (မြိတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly