ကျောင်းသားကလေးသူငယ်များမှလည်း အခြားသူများသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်

ကျောင်းသားကလေးသူငယ်များမှလည်း အခြားသူများသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်

ဇူလိုင် ၁၉

စာသင်ကျောင်းများ ပြန်ဖွင့်ရေးနှင့် ပတ်သက်သော ပြင်းထန်သည့် ဆွေးနွေးငြင်းခုံမှုများတွင် အသည်းထန်ဆုံးသော မေးခွန်းမှာ ကလေးများက အခြားသူများထံ COVID-19 ပျံ့နှံ့စေမှုက မည်မျှ ရိုက်ခတ်မှု ရှိသနည်းဆိုသော မေးခွန်းပဲ ဖြစ်သည်။

တောင်ကိုရီးယားမှ အကြီးစားသုတေသနတစ်ရပ်က ယင်း မေးခွန်းအတွက် အဖြေပေးထားသည်။ အသက် ဆယ်နှစ်အောက်ထက်ငယ်သော ကလေးများသည် အရွယ်ရောက်ပြီးသူများထက် ဗိုင်းရပ်စ် ကူးစက်စေမှု နည်းပါးသောလည်း ဘေးအန္တရာယ် လုံးလုံးမရှိခြင်းဟု ဆိုသည်။

အသက် ၁၀ မှ ၁၉ နှစ်ကြား အရွယ်များသည် အရွယ်ရောက်ပြီးသူများကဲ့သို့ပင် ဗိုင်းရပ်စ်ကို ကူးစက်ပျံ့နှံ့စေနိုင်ကြောင်း တွေ့ရှိသည်။

ထိုတွေ့ရှိချက်များကြောင့် စာသင်ကျောင်းများ ပြန်ဖွင့်ခြင်းကဲ့သို့သော လူစုဝေးမှုများသည် အရွယ်စုံကလေးငယ်များကြား ရောဂါကူးစက်မှုများ ဖြစ်လာနိုင်သည်ဟု ပညာရှင်အချို့က သတိပေးသည်။

“ကလေးတွေဟာ လူကြီးတွေလို တူညီတဲ့ နည်းလမ်းမျိုးမှာ ဗိုင်းရပ်စ် မကူးစက်နိုင်ဘူးလို့ ထင်မြင်နေတာတွေအတွက် ကျွန်တော် စိုးရိမ်မိတယ်။ ကလေးတွေဟာလည်း ဗိုင်းရပ်စ် သယ်ဆောင်ပျံ့နှံ့နိုင်နေတာပဲ ဖြစ်တယ်။”ဟု မီနီဆိုးတားတက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာ ပညာရှင်တစ်ဦးက ပြောသည်။

ဥရောပနှင့် အာရှမှ သုတေသနအချို့က ငယ်ရွယ်သော ကလေးများသည် ဗိုင်းရပ်စ် ကူးစက်မှုနှင့် ပျံ့နှံ့စေမှု နည်းပါးသည်ဟု ဖော်ပြထားကြသည်။ သို့သော် ထို သုတေသနများက အငယ်စား သုတေသနများဖြစ်ပြီး အပြစ်အနာအဆာ ရှိနေသည်ဟု ဟားဗတ်ကမ္ဘာ့ကျန်းမာရေးအသင်း၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာအရှီဂျဟာက ပြောသည်။

ယခု သုတေသနမှာမူ အလွန်ကို ဂရုတစိုက် ဆောင်ရွက်ထားခြင်းဖြစ်ပြီး စနစ်ကျကာ လူအမြောက်အမြားကို စမ်းသပ်သုတေနပြုထားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီ ကိစ္စရပ်မှာ ကျွန်တော်တို့တွေ ဆောင်ရွက်ပြီးသမျှထဲ အကောင်းဆုံးသုတေသနပဲ ဖြစ်တယ်။”ဟု ဒေါက်တာ ဂျဟာက ပြောသည်။

အခြားသော ပညာရှင်များကလည်း တောင်ကိုရီးယားသုတေသနပညာရှင်များ၏ ဆောင်ရွက်ချက်အပေါ် ချီးကျူးကြသည်။ တောင်ကိုရီးယား ပညာရှင်များသည် ဇန်နဝါရီ ၂၀ မှ မတ် ၂၇ ရက်ကြား၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသည့် အိမ်ထောင်စုများမှ လူပေါင်း ၅၇၀၆ ဦးကို ဆန်းစစ်ကာ သုတေသနပြုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly