လာမယ့်အရေးပေါ်အစည်းအဝေးမှာ ရန်ကုန်တိုင်းနယ်လုံနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အချို့ကို အပြောင်းအလဲအလှယ်လုပ်ဖို့ရှိနေ

လာမယ့်အရေးပေါ်အစည်းအဝေးမှာ ရန်ကုန်တိုင်းနယ်လုံနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အချို့ကို အပြောင်းအလဲအလှယ်လုပ်ဖို့ရှိနေ
Photo - YANGON HLUTTAW

ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကျင်းပမည့် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မှ ဗိုလ်မှူးကြီးတစ်ဦးကို ခန့်အပ်ရန် ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေး (၄/၂၀၂၀)အရေးပေါ်အစည်းအဝေးကို ဇူလိုင်လ ၂၂ရက်မှာ ကျင်းပရန်အတွက် လွှတ်တော်ဥက္ကဋ္ဌ အကြောင်းကြားထားသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “ နယ်လုံအပြောင်းအလဲရှိလို့ အမည်စာရင်းတင်သွင်းမယ်။ လွှတ်တော်အဆုံးအဖြတ်ယူပြီးတော့ အတည်ပြုမှာတစ်ခုလုပ်ရမှာရှိတယ်။နောက်တစ်ခုက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အပြောင်းအလဲအချို့ရှိတယ်။ ပြီးတော့ ၂၀၂၀-၂၁ ဘတ်ဂျက် ပြည်ထောင်စုကိုတင်ထားတာရှိတယ်။ အဲဒီဘတ်ဂျက်ကို အတည်ပြုရမှာရှိတယ်” ဟု မဇ္ဈိမသို့ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖြစ် အပြောင်းအလဲလုပ်လာသည့် ဗိုလ်မှူးကြီး သန့်စင်ဦးကို အစားထိုးခန့်အပ်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ၎င်းကို အစားထိုးနိုင်ကြော င်းလည်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့က သုံးသပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required