စမ်းသပ်မှု ပြီးမြောက်သွားသည့် ရုရှားထုတ်  ကမ္ဘာ့ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး

စမ်းသပ်မှု ပြီးမြောက်သွားသည့် ရုရှားထုတ်  ကမ္ဘာ့ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး

ဇူလိုင် ၁၃

ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများကို ရုရှားရှိ Sechenov First Moscow State Medical University က အပြီးလုပ်ဆောင်ခဲ့ပြီဖြစ်သည်။

ထိုသတင်းအား Translational Medicine and Biotechnology အဖွဲ့အစည်းမှ ဒါရိုက်တာ Vadim Tarasov က အတည်ပြုခဲ့သည်ဟု Sputnik News သတင်းဌာနက ဖော်ပြခဲ့သည်။ ကူးစက်ရောဂါနှင့်အဏုဇီဝဆိုင်ရာ Gamalei Institute မှ ထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးရုံ၊ဆေးခန်းအဆင့် လက်တွေ့စမ်းသပ်မှုများကို ဇွန်လ ၁၈ ရက်က စတင်ခဲ့သည်ဟု အဆိုပါသတင်း၌ မီးမောင်းထိုးရေးပြထားသည်။

လက်တွေ့စမ်းသပ်မှုအတွက် စေတနာ့ဝန်ထမ်းအဖြစ် ကာကွယ်ဆေးအစမ်းသပ်ခံခဲ့ကြသူများကို မကြာမီ ဆေးရုံမှဆင်းခွင့်ပြုမည်ဖြစ်သည်။ ပထမအဖွဲ့ကို နှစ်ရက် သုံးရက်အတွင်းနှင့် ဒုတိယအဖွဲ့ကို ဇူလိုင် ၂၀ ရက်တို့တွင် ဆေးရုံမှဆင်းခွင့်ပြုမည်ဟု သိရသည်။ Sechenov University က ဆေးဘက်ဆိုင်ရာ ကပ်ပါးရောဂါ၊ အပူပိုင်းဒေသနှင့်ပိုးမွှားဆိုင်ရာဂေါတိုက်ဖျက်ရေး အဖွဲ့အစည်းမှ ဒါရိုက်တာ Alexander Lukashev ကို ချီးကျူးပြောဆိုလျက် ကာကွယ်ဆေးက လူများအတွက် ဘေးကင်းလုံခြုံမှုရှိ / မရှိ စစ်ဆေးရန် လေ့လာမှုလုပ်ဆောင်ခဲ့ပြီး ယခုအခါ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်း အဆိုပါသတင်းတွင် ရေးသားထားသည်။

ကာကွယ်ဆေးက ဘေးကင်းကြောင်း အတည်ပြုချက်ရထားပြီဖြစ်သဖြင့် ဈေးကွက်ထဲရောက်ရှိပြီးသားဖြစ်သည့် အဆိုပါကာကွယ်ဆေးများမှာလည်း အန္တရာယ်ကင်းကြောင်း Lukashev က ပြောခဲ့သည်။

ထို့အပြင် ကာကွယ်ဆေးထုတ်လုပ်သူက ဗိုင်းရပ်စ်ကူးစက်ရောဂါဆိုင်ရာအခြေအနေရှုပ်ထွေးမှုများပါဝင်လာမည့် အဆိုပါကာကွယ်ဆေး၏ တိုးတက်ဖြစ်ပေါ်မှုအတွက် အစီအစဉ်တစ်ခုပြင်ဆင်နေပြီး  ကာကွယ်ဆေးထုတ်လုပ်မှုကို မည်သို့တိုးမြှင့်ရမည်ဆိုသည်ကိုပါ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ကမ္ဘာ့နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှုဖိအားကြောင့် ရုန်းကန်နေရစဉ်တွင် Sechenov University သည် ပညာရပ်ဆိုင်ရာတက္ကသိုလ်ဆိုသည်ထက် ဤကာကွယ်ဆေးအတွက် သိပ္ပံနှင့်နည်းပညာသုတေသနစင်တာ အဖြစ် ပေါ်ထွက်ခဲ့သည်ဟု Tarasov က မှတ်ချက်ပြုခဲ့သည်။ Translational Medicine and Biotechnology အဖွဲ့အစည်းသည် ကာကွယ်ဆေးဆိုင်ရာ ရှေးဦးလက်တွေ့လေ့လာမှုများ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် လက်တွေ့စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သည်ဟု Tarasov ကပြောသည်။

ဤအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်စဖို့ဒ်မှထုတ်သည့်ကာကွယ်ဆေးသည် ထိပ်တန်းမှဦးဆောင်နေသောကာကွယ်ဆေးဖြစ်ကြောင်း ပြီးခဲ့သည့်လကပြောခဲ့သည်။

အောက်စဖို့ဒ်ကာကွယ်ဆေး AstraZeneca သည် စမ်းသပ်မှုအဆင့်သုံးဖြစ်သည့် လက်တွေ့စမ်းသပ်မှုလုပ်ဆောင်နေစဉ် ရုရှားကာကွယ်ဆေးက မကြာမီ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနိုင်မည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly