ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ရက်အတွင်း ၂၃၀,၀၀၀ ကျော်အထိ စံချိန်တင်

ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ရက်အတွင်း ၂၃၀,၀၀၀ ကျော်အထိ စံချိန်တင်

ဇူလိုင် ၁၃

ကမ္ဘာတစ်၀န်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း တစ်နေ့တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် စံချိန်တင် မြင့်တက်ခဲ့ပြီး တစ်ရက်တည်းအတွင်း ကူးစက်သူဦးရေ ၂၃၀,၃၇၀ ဦးအထိ ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည်။

တစ်နေ့တာအတွင်း ကူးစက်မှုနှုန်း အများဆုံးဖြစ်ခဲ့သည့် နိုင်ငံများသည် အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ နှင့် တောင်အာဖရိကတို့ ဖြစ်ကြောင်း WHO ၏ တစ်နေ့တာအစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

WHO ၏ တစ်နေ့တာအတွင်း ကူးစက်မှုသစ် တွေ့ရှိမှုနှုန်း ယခင်စံချိန်သည် ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်က ၂၂၈,၁၀၂ ဦး ဖြစ်သည်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသည် တစ်နေ့လျင် ၅,၀၀၀ ခန့်နှုန်းဖြင့် ဆက်ရှိနေသည်။

ယခုအခါ ဇူလိုင် ၁၂ ရက် အထိ ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည် ၁၃ သန်းနား ကပ်လာခဲ့ပြီ ဖြစ်ကြောင်း ရိုက်တာ၏ စာရင်းများအရ သိရသည်။

ယင်းသည် ခုနစ်လအတွင်း ကမ္ဘာတစ်၀န်း လူပေါင်း ၅၆၅,၀၀၀ ကျော်ကို သေဆုံးစေခဲ့သည့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားမှု၏ နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုကို ရောက်သွားရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly